Thursday, 31 January 2013

လွယ်ကူချက်စား..ဟင်းချက်နည်းများ


ရွှေအိမ်စည်နှင့်သူငယ်ချင်းများ (ချက်ကြမယ်ဟေ့ မကောင်းတစ်ကောင်း) မှ ဟင်းချက်နည်းများ
ငါးနီတူထမင်းအစပ်ကြော် http://www.facebook.com/groups/shweaeimsicooker/doc/415351848510105/

ရဲယိုရွက်ငါးခူစင်းကောhttp://www.facebook.com/groups/shweaeimsicooker/doc/415343601844263/
ပုစွန်ချဉ် တည်နည်းhttp://www.facebook.com/groups/shweaeimsicooker/doc/410981588947131/
အကြော်အချဉ်ရည်ပြုလုပ်နည်းhttp://www.facebook.com/groups/shweaeimsicooker/doc/406035346108422/
အကြော်မှုန့် နှစ် စပ်နည်း
ဗုံလုံသီး(ပဲလင်းမြွေသီး)အစာသွပ်ချက်နည်း
ငါးဖယ်လုံးအစာသွပ်
ပဲကြီးဆူးပုတ်
ငါးရံ့ ဆန်ပြုတ်
ကြက်သားပေါင်း
Coca Cola Chicken/ ကိုကာကိုလာနဲ့ ချက်တဲ့ကြက်သားဟင်း
၁၀မိနစ်ဘိန်းမုန့်၊ Burmese Style Pancake
ကြက်ဥရောင်စုံကြော်
တောင်ကြီး ရှမ်းရိုးရာ အစားအစာ လုပ်နည်းလေးပါ
တုတ်ထိုးအချဉ်ရည်ပြုလုပ်နည်း
လျှာလည်သွားမယ့် ကန်စွန်းရွက်သုပ်
ပေါက်စီ
ရွာအလွမ်းပြေ..ကောက်ညှင်းပြန်ပေါင်း..
ယနေ့ မီနူး..ကန်စွန်းရွက်ကြော်
ဒီနေ့ အထူး
သင်္ကြန်တွင်း တွက် ပသျှူးသာကူ
မေ့မေ့လက်ရာ ကြက်သားဟင်းချက်နည်း
ကိုရီးယား တော့ပူကီ
ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
ထမနဲ(နှမ်းမနဲ)ထိုးမယ်
အိမ်ရှင်ထီး/အိမ်ရှင်မလုပ်မည့် ကိုကိုမမများအတွက်….သုတေသနပြုထားတာလေးတွေပ
ချက်ကြမယ်ဟေ့ မကောင်းတကောင်း
ငါးထမင်းသုပ်
ရှမ်းသုပ်(ခ)ရခိုင်သင်္ဘောသီးသုပ်
ကိုရီးယားစတိုင်ထမင်းသုတ်
ထန်းသီးမုန့် 
ကောက်ညှင်းပေါင်း(ကိုငြိမ်းအေး)
ငါးသလောက်ပေါင်း၊
ဆန်ပြုတ်( ၀က်ရိုး)
ဝက်သားတုတ်ထိုး
ရှမ်းထမင်းချဉ်သုပ်......
ထမင်း အလွန်မြိန်စေမည့် ဟင်းတစ်ခွက် ကရင်ငပိချက်...
ရှမ်းခေါက်ဆွဲ
တရုပ်စတိုင်(ပုဇွန်ချိုချည်)
ဆန်ပြားကြော်
ကျောက်ကပ်ကျောက် ချေဖျက်သော ဆေးမြီးတို
သည်းခြေအိတ် ကျောက်အတွက် ကုသသည့် ဆေးမြီးတို
မုန့် ဟင်းခါး
အရူးငါးဖယ်လုံးဟင်းရည်....
ရှမ်းထမင်းချဉ်သုပ်......
ပြည်ကြီးငါးခြောက် ရခိုင်သုတ်
ဒီဆိုင်တွေ မှာစားပြီးရင်ကိုစားချင်တယ်
ထမင်း အလွန်မြိန်စေမည့် ဟင်းတစ်ခွက် ကရင်ငပိချက်....
ငါးမန်ကျီးသီးစိမ်းအချဉ်ချက်http://www.facebook.com/groups/shweaeimsicooker/doc/270965246282100/
ဆွေမျိုးတော့မမေ့ပါဘူး....ကျမနှင့်သူငယ်ချင်းများရဲ့ တတ်သလောက်ဟင်းချက်နည်းလေးတွေပါ

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

ချက်နည်းပြုတ်နည်း




ဒီနေ့တော့ ချက်နည်းပြုတ်နည်းစာအုပ်လေးတွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်။
အခြားခြားသောချက်နည်းပြုတ်နည်းစာအုပ်များဝက်ဆိုဒ်များရှိပါကလည်း ဒီပိုစ့်အောက်မှာ ကော့မန့်ထားပြီးရှယ်ယာလုပ်ပေးပါအုန်း။
စာအုပ်အမည် – Lu Lu Cooking Bookစာရေးသူ       – လုလုRead Online – Google Document Scribd DocumentCredit To      – www.lulucooking.blogspot.com အထက်ဖော်ပြပါ ၀က်ဘ်ဆိုဒ်လေးမှာနောက်ထပ်ချက်နည်းပြုတ်နည်းများကို ထပ်မံလေ့လာနိုင်ပါတယ်။
စာအုပ်အမည် – ချက်နည်းပြုတ်နည်းများ (မူရင်းစာအုပ်အမည်ရှာမတွေ့လို့ဒီအတိုင်းပေးထားခြင်းဖြစ်ပါသည်)စာရေးသူ       – မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းDownload     -  Google Document(online reading is not available due to big file size )Credit to      -  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ စကားဝါမြေစာကြည့်တိုက် ဒီစာအုပ်လေးဟာ ချက်နည်းပြုတ်နည်းတွေတင်မကပဲ အခြားအိမ်တွင်းမူအနုပညာတွေဖြစ်တဲ့ လက်ကိုင်ပ၀ါခေါက်နည်း၊ အသားနွာနည်းနည်းများ နဲ့ အခြားခြားသော ဗဟုသုတအများအပြား ပါဝင်ပါတယ်။
စာအုပ်အမည် – မြန်မာကျူးပစ်ဒ် ဟင်းချက်နည်းများစာရေးသူ       – မြန်မာကျူဒ်ပစ်ဒ်ဖိုရမ်Read Online - Scribd Document Google Document Credit to      – မြန်မာကျူးပစ်ဒ်ဖိုရမ် ဒီစာအုပ်လေးမှာ မြန်မာကျူးပစ်ဒ်ဖိုရမ်ရဲ့ ချက်နည်းပြုတ်နည်းလေးတွေကို စုစည်းဖော်ပြပေးထားတာဖြစ်ပါတယ်။ ဒီစာအုပ်လေးက ၂၀၀၈ ခုနှစ်ရဲ့ ၀ိညာဉ်သစ် Top 10 Most Reading Books of the Year မှာ နံပါတ် 5 ချိတ်ခဲ့ပါတယ်။
စာအုပ်အမည် – အဓိပတိ ဟင်းချက်နည်းများစာရေးသူ       -  နန်းစန်းစန်းအေး (အဓိပတိ ဖြူး)Read Online – Google Document Scribd Document Credit to      -  လင်းထက်ဖိုရမ် ။ စကားဝါမြေ
.
စာအုပ်လေးတွေဖတ်ပြီး ဗဟုသုတတိုးပါစေ။

နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်ကားတိ ကြည့်ချင်ရေ သူငယ်ချင်းတိအတွက်

Wednesday, 30 January 2013

Facebook က Comments နဲ့ Chatting မှာ ပြောင်တောင်တောင်အရုပ်တိ သုံးချင်ဂေ




Smiley Name Shortcut
smile smile :-) :) :] =)
frown frown :-( :( :[ =(
gasp gasp :-O :O :-o :o
grin grin :-D :D =D
tongue tongue :-P :P :-p :p =P
wink wink ;-) ;)
curly lips curly lips :3
kiss kiss :-* :*
grumpy grumpy >:( >:-(
glasses glasses 8-) 8) B-) B)
sunglasses sunglasses 8-| 8| B-| B|
upset upset >:O >:-O >:o >:-o
confused confused o.O O.o
shark shark (^^^)
pacman pacman :v
squint squint -_-
angel angel O:) O:-)
devil devil 3:) 3:-)
unsure unsure :/ :-/ :\ :-\
cry cry :'(
Chris Putnam Chris Putnam :putnam:
robot robot :|]
heart heart <3
kiki kiki ^_^
42 42 :42:
penguin penguin <(“)
poop smiley poop :poop:
more smileys get more smileys…

Ref: Link - http://www.fbsmileys.com/

ပြောင်တောင်တောင်အရုပ်တိ သုံးချင်ဂေ  အထက်ကရီးထားစွာတိထဲက ကြိုက်စွာ  ကူးထည့်ပြီးဂေ Comments ပါ

Tuesday, 29 January 2013

မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် - မြန်မာ Dictionary

 

     မြန်မာ ကွန်ပျူတာ User များအတွက် မြန်မာ-အင်္ဂလိပ် ၊ အင်္ဂလိပ် - မြန်မာ
အဘိဓာန်ဆော့ဝ်ကောင်းလေးတစ်ခု ထွက်လာပါပြီ။ ဖန်တီးသူကတော့ ကိုစိုးမင်း။
ဂျပန်နိုင်ငံရောက် မြန်မာ လူငယ်တစ်ဦး။
ခေါင်းစားဖော် ခေါင်းစားဖက် နောက်တစ်ယောက်က ကိုမင်းကျော်။
သူက ဆွီဒင်မှာ။ဖတ်စရာများစွာ ဗဟုသုတယူစရာများစွာ။
သူအားထုတ်မှုတွေလည်း အားကျစရာ ......
ဒီနေရာမှာ ဖတ်လို့ရတယ်

         အများကောင်းကျိုးအတွက် ပေးဆပ်မှုတစ်ခုကို သူပြုခဲ့ပြီ။
ကိုစေတန်ဂေါ့ နှင့် ကျွန်တော်ကတော့ မိမိတို့စုထားသော
ဒေတာများကို စေတနာဗရပွဖြင့် ထောက်ပံ့လိုက်ကြသည်။
အလွန်သုံး၍ကောင်းသော အဘိဓာန်ဖြစ်သည်။
အင်စတောလုပ်ပြီးတော့ ကျွန်တော် တစ်ခုရှာကြည့်သည်။
"စိုင်း" ဆိုတာ .... အောက်က ပုံအတိုင်းပေါ်လာသည်။
ကဲ ဘယ်လောက် .... လွယ်လဲ ........











တအားရှာရခက်နေရင် ဒီမှာ DOWLOAD အဘိဓာန်

Monday, 28 January 2013

ဆရာတော် အသျှင်ဦးဥတ္တမ



မြန်မာအမျိုးသား ၀ံသာနုများအား အမျိုးသားစိတ်ဓာတ် ရင့်သန်စေရန် ပထမဆုံး နိုင်ငံရေးမျက်စိ ဖွင့်ပေး ခဲ့သော ပုဂ္ဂိုလ်ထူးကား ဆရာတော်ဦးဥတ္တမပင် ဖြစ်သည်။ ဆရာတော်သည် သူ့တစ်သက်တာလုံးတွင် မြန်မာအမျိုးသား အမျိုးသမီးများကို နိုင်ငံရေးအသိစိတ်ဓာတ် နိုးကြားစေရန်နှင့် တိုင်းတစ်ပါးအုပ်ချုပ်မှေုအောက်မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိရန် ဆောင်ရွက်ကြိုးပမ်းသွားခဲ့လေသည်။ မြန်မာနိုင်ငံ၌ ပထမဆုံး အကျဉ်းကျခံရသူ နိုင်ငံရေးသမားမှာ ဦးဥတ္တမ ပင်ဖြစ်သည်။
ငယ်ဘဝ

ဆရာတော် အသျှင်ဦးဥတ္တမအား ရခိုင်ပြည်၊ စစ်တွေမြို့ ရူပရပ်တွင်၊ အဖ ဦးမြ၊ အမိ ဒေါ်အောင်ကျော်သူတို့မှ ၁၈၇၉ ခု၊ ဒီဇင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းများမှာ (၁) ပေါ်ထွန်းအောင်၊ (၂)ကျော်ထွန်းအောင်၊ (၃) မအိမ်စိုး တို့ဖြစ်သည်။ သားအကြီးဆုံး ပေါ်ထွန်းအောင်မှာ အသျှင်ဦးဥတ္တမ လောင်းလျာပင်ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင် သည် နောင်အခါတွင် ““ရှင်အရိယ”” ဟူသော ဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။ ပေါ်ထွန်းအောင် (၉)နှစ်အရွယ်သို့ ရောက်သောအခါ ညီဖြစ်သူ ကျော်ထွန်းအောင်မှာ (၆)နှစ်အရွယ် ရှိသည်။ ညီအစ်ကိုနှစ်ယောက် အင်္ဂလိပ်စာ သင်ကြား လို၍ မိဘများကို ပူဆာကြသည်။ မရသဖြင့် အိမ်မှ ထွက်ပြေးခဲ့ကြသည်။ မိဘများလိုက်ရှာကြရာ (၁၅)ရက်ခန့်ကြာမှ သစ်ပင်တစ်ပင်အောက်၌ ညီအစ်ကိုနှစ်ယောက်ကို ပြန်တွေ့သည်။

မိဘများက ကလေးနှစ်ယောက် ဆန္ဒပြည့်ဝအောင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်းသို့ ပို့ဆောင် အပ်နှံကြသည်။ ကျောင်းအပ်သည့်အခါ ထုံးစံအတိုင်း သူငယ်တန်းတွင် ထားလေရာ ပေါ်ထွန်းအောင်က သူ့ကို တတိယတန်းတွင် ထားခွင့်ပြုရန် ပြောဆိုသည်။ ဆရာကြီးက အရည်အချင်းကို သိလို၍ တတိယတန်း ဖတ်စာကို ဖတ်ခိုင်းလေသည်။ ပေါ်ထွန်းအောင်က အထစ်အငေါ့မရှိ ဒိုးဒိုးဒေါက်ဒေါက် ဖတ်ပြလိုက်ရာ ဆရာကြီးမှာ အံ့သြသွားသည်။ ကျောင်းမနေသေးဘဲ ဖတ်ပြနိုင်ခြင်းမှာ အိမ်နီးချင်း သူငယ်ချင်းများထံမှ ကြိုတင်သင်ကြားထားခြင်း ကြောင့် ဖြစ်သည်။ ပေါ်ထွန်းအောင် ကြိုတင်သင်ကြားထားခြင်းကို သူ၏မိဘများပင် မသိဟု ဆိုသည်။ ကျောင်းအုပ် ဆရာကြီးက ပေါ်ထွန်းအောင်အား ဒုတိယတန်းတွင် နေခွင့်ပြုခဲ့သည်။ ကျောင်းနေ၍ (၂)နှစ်မျှ ကြာသောအခါ ပေါ်ထွန်းအောင် ပဉ္စမတန်းရောက်ပြီး ညီကျော်ထွန်းအောင် စတုတ္ထတန်းသို့ ရောက်သည်။ အတန်းတင်စာမေးပွဲ ပြီးဆုံးသောအခါ ပေါ်ထွန်းအောင်မှာ ဒုတိယပညာသင်ဆုကို အင်္ဂလိပ် မျက်နှာဖြူ ရခိုင်တိုင်းမင်းကြီးကိုယ်တိုင် ကြွရောက်ဆုချီးမြှင့်ခြင်း ဖြစ်သည်။ ပေါ်ထွန်းအောင်မှာ ဆုကိုယူသော်လည်း ၀မ်းသာမှု မရှိခဲ့ချေ။ ညီကိုခေါ်၍ စစ်တွေမြို့ ကမ်းနားဘက်သို့ ထွက်သွားကြသည်။ ကမ်းနားသို့ရောက်သောအခါ ရရှိခဲ့သော ဆုကို ချိုးဖဲ့ဆုတ်ဖြဲပြီး ကုလားတန်မြစ်ထဲသို့ ပစ်ချလိုက်သည်။ ဤသို့ ပစ်ချပြီးသောအခါ ပေါ်ထွန်းအောင်က ညီဖြစ်သူအား ““ဒီမှာ ငါ့ညီ၊ ဆုယူရင် ပထမဆုကိုသာယူ၊ ဒုတိယတို့၊ တတိယတို့ဆိုရင် ဘယ်တော့မှ မယူနဲ့””ဟု ဆိုလေသည်။ ပေါ်ထွန်းအောင်၏ စိတ်ထားကား တကယ်ပင် မြင့်မားလှ၏။

ပေါ်ထွန်းအောင်တို့ ညီအစ်ကိုနှစ်ယောက် အတန်းတွင် ပညာသင်ကြားနေစဉ် အင်္ဂလိပ် ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါးက မွေးစားလိုသော်လည်း မိဘများက မထည့်၍ ကာလကတ္တားသို့ မလိုက်ခဲ့ရပေ။ ပေါ်ထွန်းအောင်မှာ တိုင်းတစ်ပါးတွင် ပညာသင်လိုစိတ်ရှိ၏။ ထို့ကြောင့် ဖခင်ဖြစ်သူအား ““ဖေဖေ မေမေတို့ မလွှတ်ပေမယ့် တစ်နေ့ကျ ကျွန်တော် ထွက်ပြေးပြီး နိုင်ငံခြားမှာ ပညာသင်မှာပဲ””ဟု တစ်ခါက ပြောဖူးသည်။ (၁၃)နှစ်သားသို့ ရောက်လာသော အခါ ပေါ်ထွန်းအောင်သည် နိုင်ငံခြားသို့ ပညာသင်ကြားရေးကို အထူးအာရုံစိုက်လာသည်။ ငွေရှိလျှင် ပညာသွားသင် နိုင်သည်ဟု ယုံကြည်ချက်ဖြင့် မိခင်ဘက်မှ တော်စပ်သော ဦးရီး၏ ဈေးဆိုင်တွင် ကူညီလုပ်ကိုင်ရင်း ငွေများကို စုဆောင်းခဲ့သည်။

ကြံရွယ်သည့်အတိုင်း မဖြစ်ခဲ့၍ ပေါ်ထွန်းအောင်သည် ဦးရီးထံတွင်လည်း မနေ၊ မိဘများထံသို့လည်း မပြန်ဘဲ စစ်တွေမြို့၌ ပရိယတ္တိစာပေ သင်ကြားမှုတွင် ထိုအခါက အကျော်အစောဖြစ်သော ရွှေစေတီကျောင်း ဆရာတော်ထံ သွားရောက်၍ ရှေးဦးစွာ ဖိုးသူတော်အဖြစ်ဖြင့် မင်္ဂလသုတ်မှစ၊ သဒ္ဒါရှစ်စောင်နှင့် သင်္ဂြိုဟ် ကိုးပိုင်းအထိ သင်ရိုးတန်း ကုန်အောင် သင်ယူခဲ့သည်။ (၁၆)နှစ်အရွယ်ရောက်မှ မိဘများက ရှင်သာမဏေ၀တ်ပေးသဖြင့် ““ရှင်ဥတ္တမ””ဟု တွင်သည်။ ရှင်ဥတ္တမသည် နက်နဲကျယ်ပြန့်သော ပိဋကတ်တို့ကို သင်အံလေ့ကျက်ရာဖြစ်သော ပခုက္ကူစာသင်တိုက် ကြီးတွင် သွားရောက် ပညာသင်ကြားလိုသဖြင့် လူဝတ်လဲ၍ ဓားတောင်ဆရာတော် ဦးဂန္ဓာနှင့် လိုက်သွားသည်။

ရှေးဦးစွာ မအူပင်သို့ရောက်၍ မအူပင်မှ ရန်ကုန်၊ ထိုမှ တောင်ငူမြို့သို့ ရောက်သည်။ ဦးဥတ္တမသည် တောင်ငူတွင် ရှင်သာဏေ စာပြန်ပွဲတစ်ခုကို ၀င်ရောက်ဖြေဆိုရာ ပထမရရှိခဲ့သည်။ သို့ကလို စာတော်သည့် သတင်းကြောင့် တောင်ငူမြို့ရှိ ပစ္စည်းဥစ္စာ ပြည့်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက သားအဖြစ် မွေးစားကာ ကာလာကတ္တား မြို့သို့ပို့၍ ပညာသင်ကြားစေသည်။ ကာလကတ္တားမြို့တွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀)တန်းအဆင့်ကို အောင်မြင်ခဲ့၍ မြန်မာပြည်သို့ ပြန်လာ၏။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့သွား၍ ရေစကြို တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို ရှင်ဝတ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့ သင်ကြားနေစဉ်ပင် ဦးဥတ္တမအား တွေမျိုးတော်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံ ပေးသည်။ ရဟန်းခံစဉ် ဦးဥတ္တမ၏ သက်တော်မှာ (၁၉)နှစ်နှင့် (၂)လ ရှိပြီဖြစ်သည်။

အရှင်ဥတ္တမသည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ သွားပြန်သည်။ ကာလကတ္တားမြို့သို့ ရောက်ချိန်တွင် အိန္ဒိယနိုင်ငံရေးမှာ တစ်မျိုးတစ်ဖုံပြောင်းလဲပြီး အိန္ဒိယခေါင်းဆောင်တို့ လွတ်လပ်ရေးအတွက် ထကြွနိုးကြားခိုက်နှင့် ကြုံကြိုက်နေရာ ဦးဥတ္တမလည်း နိုင်ငံရေးစွန့်စားလိုစိတ်များ ရင်တွင်း၌ တကြွကြွဖြစ်ပေါ်လာလေ၏။ အမျိုးသား စိတ်ဓာတ်လည်း အတောမသတ် ရင့်သန်ခဲ့၏။ ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ် တစ်ခုတွင် ပါဠိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာ ဧည့်ပါမောက္ခအဖြစ် ၀င်ရောက်ဆောင်ရွက်သည်။ ယင်းသို့ ဆောင်ရွက်ရင်းဖြင့် သင်္ကရိုက်ဘာသာ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းများကို သင်ကြားပြန်သည်။ အိန္ဒိယနိုင်ငံတွင် နေစဉ် ဆရာဦးဥတ္တမအား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ထိုအသင်း ကြီး၏ ဥက္ကဋ္ဌအဖြစ် အရွေးခံရဖို့ မလွယ်ပေ။ ဦးဥတ္တမသည် နာမည်ကြီး ဟိန္ဒူခေါင်းဆောင်များဖြစ်သည့် မဒရပ် ပြည်နယ်မှ နာမည်ကျော်ခေါင်းဆောင်ကြီး ပဏ္ဍိတ်မာလဗီးယားနှင့် ယှဉ်ပြိုင်အရွေးခံရာ အနိုင်ရသဖြင့် အိန္ဒိယနိုင်ငံက ဦးဥတ္တမအား သူတို့၏ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုထားကြောင်း ထင်ရှားသည်။

ဟိန္ဒူမဟာဆပ်ဗာအသင်းကြီးမှာ အိန္ဒိယပြည်၌ ကွန်ဂရက်အသင်းကြီးပြီးလျှင် ဒုတိယအင်အားအကြီးဆုံး အသင်းအဖွဲ့ကြီးဖြစ်သည်။ ကွန်ဂရက်အသင်းကြီးမှာ အိန္ဒိယလူမျိုးပေါင်းစုံ ပါဝင်သည့် နိုင်ငံရေးအသင်းဖြစ်ပြီး ဟိန္ဒူ မဟာဆပ်ဗာအသင်းကြီးမှာမူ ဟိန္ဒူဘာသာကိုးကွယ်ကြသူများသာ ပါဝင်သည့် ဘာသာရေးအသင်းကြီး ဖြစ်သည်။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယပြည်တွင် (၈)နှစ်ကြာမျှ နေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်သွား လေသည်။ (၁၉၀၄-၀၅)၌ ဂျပန်ကဲ့သို့ နိုင်ငံငယ်လေးများက ရုရှားကဲ့သို့ နိုင်ငံကြီးတစ်နိုင်ငံကို အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်ကို အတော်အထင်ကြီးသွားသည့်အလျောက် စုဆောင်းထားသောငွေနှင့် ဂျပန်နိုင်ငံသို့ သွားရောက်ပညာဆည်းပူးရန် ၁၉၀၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ရန်ကုန်မြို့မှ စင်ကာပူသို့ သင်္ဘောဖြင့် ထွက်ခဲ့သည်။ ထိုမှတစ်ဖန် (၁၈) ရက်နေ့တွင် ဂျပန်ပြည်သို့ စင်ကာပူမှတစ်ဆင့် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ မတ်လ (၇)ရက်နေ့တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့သို့ ရောက်သွားသည်။ ဂျပန်သို့ ရောက်သောအခါ တိုကျိုမြို့ ဗုဒ္ဓဘာသာ သိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုအခါက စက်မှုလက်မှုဝန်ကြီး)၏ အထောက်အပံ့ဖြင့် ဂျပန်ဘာသာ နှင့် စကားကို နှစ်နှစ်ခန့် သင်ယူအောင်မြင်သည်။ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၌ နှစ်နှစ်ခန့် သင်္ကရိုက်ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျပန်ပြည်သို့ ရောက်ရှိစဉ်က ဦးဥတ္တမ၏ ၀ါတော်မှာ ကိုးဝါမျှရှိခဲ့ပြီဖြစ်သည်။ တတ်ကျွမ်းသော ဘာသာရပ်များမှာ မြန်မာ၊ ပါဠိ၊ ဟိန္ဒူ၊ သက်္ကတ၊ ဘင်္ဂလီ၊ နာဂရီ၊ အင်္ဂလိပ်၊ ပြင်သစ်နှင့် ဂျပန်ဘာသာ တို့ဖြစ်သည်။

ဆရာတော် ဦးဥတ္တမ ဂျပန်ပြည်ရောက်သွားချိန်၌ တရုတ်ခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်ကလည်း ဂျပန်ပြည်တွင် ရှိနေသည်။ တရုတ်ကျောင်းသားများလည်း ဂျပန်ပြည်တွင် အများအပြား ရောက်ရှိနေကြသည်။ တရုတ်ကျောင်းသားများသည် ဦးဥတ္တမထံလာ၍ သြ၀ါဒခံယူကြသည်။ ဦးဥတ္တမက တရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြသည်။ တရုတ်ကျောင်းသားများသည် ဦးဥတ္တမကို လေးစားကြည်ညိုသွားကြပြီးလျှင် ထိုအချိန်က တရုတ်ပြည်လွတ်မြောက်ရေးကို ဂျပန်ပြည်၌ အခြေချလျက် ကြိုးပမ်းနေသော သူတို့ခေါင်းဆောင်ကြီး ဒေါက်တာ ဆွန်ယက်ဆင်အား ဦးဥတ္တမအကြောင်းကို ပြောပြလေသည်။ ဒေါက်တာဆွန်ယက်ဆင်သည် ဆရာတော် ဦးဥတ္တမအကြောင်းကို ကြားသိရသည်ဖြစ်၍ ဦးဥတ္တမထံ ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီး ဦးဥတ္တမနှင့် စကားဆွေးနွေး ပြောကြည့်သောအခါ ဦးဥတ္တမအပေါ်တွင် အထူးလေးစားမှုရှိသွား သည်ဖြစ်၍ ဒေါက်တာဆွန်ယက်ဆင်က ဦးဥတ္တမအား တရုတ်ပြည်သို့ သူနှင့်အတူလိုက်ခဲ့ရန် ပင့်လေသည်။ ဦးဥတ္တမသည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် (၁၉၁၉) ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ရှန်ဟိုင်း၊ ရှန်ဟိုင်းမှ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည် သွားလာခဲ့လေသည်။

ထိုခေတ် ထိုအခါက မြန်မာလူမျိုးတစ်ဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွား လာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်ခြင်းများကို ပြုလုပ်နိုင်သူမှာ အံ့ချီးဖွယ်ရာပင် ဖြစ်လေသည်။ ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်မျှသာယူပြီး စေတနာ ဖြင့် ပြသခဲ့သည်။ ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ၀င်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် မင်းတုန်းမင်းတရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် ၎င်းင်း၏ သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော် ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေသည်။ ထို့နောက် ဆရာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလျှင် သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက ““အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး””ဟု လျှောက်ထားရာ ဆရာတော်က ““ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ””ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။

ထို့နောက် ၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ဆိုက်ရောက်တော်မူသည်။ ဆရာတော် ဦးဥတ္တမ ပြန်၍ ကြွလာသောအခါ မြန်မာပြည်သည် ၀ိုင်အမ်ဘီအေအသင်း (ဗုဒ္ဓဘာသာ ကလျာဏယူဝအသင်း)က နိုင်ငံရေးလုပ်ငန်း များကို စတင်လုပ်ကိုင်နေပြီ ဖြစ်သဖြင့် ဦးဥတ္တမလည်း ကူညီဝင်ရောက်ကာ စိတ်အားထက်သန်စွာ လုပ်ဆောင်လေ သည်။ ၀ိုင်အမ်ဘီအေ ၁ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကို (၁၉၀၆) ခု၊ မေလ (၁၀) ရက်၊ ကြာသပတေး၊ မြန်မာသက်္ကရာဇ် (၁၂၆၈) ခု၊ ကဆုန်လပြည့်ကျော် (၄) ရက်တွင် မျိုးချစ်စိတ်ဓာတ် ထက်သန်ကြသော လူငယ်များ ဖြစ်ကြသည့် ဦးဘဖေ၊ အမ်အေမောင်ကြီးနှင့် ဒေါက်တာ ဦးဘရင်တို့က ရန်ကုန်မြို့ (၂၈)လမ်း၊ အိမ်အမှတ် (၆၈)၊ ကိုမောင်ကြီးအိမ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ခေတ်ပညာတတ်လူငယ်များဖြစ်သော ဦးပု၊ ဦးသိမ်းမောင်၊ ဦးစု၊ ဦးမေအောင်၊ ဦးမောင်မောင်အုန်းခိုင်၊ ဦးဘစီ၊ ဦးသင်းမောင်၊ ဦးဘလှိုင်၊ ဦးစိန်လှအောင် စသူတို့လည်း အသင်းကြီးတွင် ၀င်ရောက်ဆောင်ရွက်လာခဲ့ကြသည်။ ၂ ဦးဥတ္တမ ဂျပန်ပြည်မှ ပြန်ရောက်ချိန်တွင် ၀ိုင်အမ်ဘီအေအသင်းကြီးမှာ အတော်အသင့် ကြီးပွားတိုးတက်နေလေပြီ။ ၀ိုင်အမ်ဘီအေ အသင်းသူ အသင်းသား များကလည်း ဆရာတော်အား အထူးစိတ်ဝင်စားကြသည်။ မြန်မာထဲမှ ဘာသာစုံတတ်ကျွမ်းသော ပုဂ္ဂိုလ်ထူးဖြစ်၍လည်း အထူးကြည်ညိုကြသည်။ ဂျပန်ပြည်တွင် ပါမောက္ခလုပ်ခဲ့သူဖြစ်သောကြောင့် ပိုမိုလေးစားသည်။ ဆရာတော်ဦးဥတ္တမ၏လမ်းညွှန်မှုကြောင့် မြန်မာများ အတော်အတန် နိုင်ငံရေးမျက်စိ ပွင့်လာကြသည်။ ဤကဲ့သို့ စတင်လုပ်လျှင် လုပ်ဆောင် ခြင်းပင် အစိုးရစုံထောက်များမှာ ဆရာတော်၏နောက်သို့ တကောက်ကောက် လိုက်၍နေခြင်းကြောင့် ဆရာတော်အား ကနဦး၌ သံဃာတော်များ မပေါင်းသင်းဝံ့ကြချေ။ ထို့ပြင် ဆရာတော်ပြောပုံ နေပုံတို့မှာ နိုင်ငံရေးဆရာတော်ပီပီ အနည်းငယ်နှင့် ရှင်းရှင်းဘွင်းဘွင်း ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သောကြောင့် အရဟတ်္တဓဇဂုဏ်နှင့် မညီညွတ်ဟု ဆိုကာ ဆရာတော်အား မည်သည့်ကျောင်းကမှ လက်မခံဘဲနေသောကြောင့် အင်းစိန် ဒိစတြိတ်ရှိ သမိုင်းမြို့ (ယခု မရမ်းကုန်းမြို့နယ်)ရှိ အိမ်တစ်အိမ်တွင် သီးသန့် သီတင်းသုံး၍ နေရှာသည်။ ထိုအခါ သူရိယသတင်းစာသည် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးဆောင်ရွက်ပုံများ အထူးတလည် ထောက်ခံအားပေးသည့်အပြင် ဆရာတော်၏ အပြုအမူမှာ မှန်ကန်ကြောင်းကို နေ့စဉ်လိုလိုပင် ရေးသားခဲ့ကြသည်။ ဤသို့ တစ်စတစ်စ လူသိများ၍ ဆရာတော် တရားပွဲများသို့ သွားရောက်၍ နိုင်ငံရေးတရားများကို နာစပြုကြလေသည်။ ဆရာတော်သည် များသောအားဖြင့် သူရိယသတင်းစာတိုက်တွင်သာ သီတင်းသုံး၏။ ဦးဥတ္တမ နိုင်ငံရေးလုပ်ဆောင်ရာတွင် ထိုခေတ်အခါက ခေတ်၏ ရှေ့ပြေးဖြစ်သော ဦးဘဘေ၊ ဦးလှဘေ စသော ပုဂ္ဂိုလ်များက အားပေး၏။ ၎င်းတို့၏ လုံ့လကြောင့် သူရိယသတင်းစာ တိုက်၏ အကူအညီဖြင့် တိုင်းသူပြည်သားများ မျက်စိပွင့်လင်း၍လာလေသည်။ သို့ဖြစ်ရာ သူရိယသတင်းစာ၏ ဆောင်ရွက်ချက်များကို ကျေးဇူးတင်ထိုက်ပေသည်။

ဦးဥတ္တမမှာ နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောတတ်သည့်အတိုင်း သံဃာတော် များအား ကျောင်းတွင်သာ ကျိန်း၍မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘ၀သို့ ရောက်၍နေသောအခါ တိုင်းသူ ပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များကိုးကွယ်သော ဘာသာသည်လည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင် ဖြစ်မည်။ ကျွန်ဘ၀မှ လွတ်မြောက်၍ သာသနာပြုမင်း ပေါ်ပေါက်မှသာလျှင် သာသနာတော် ကြီးပွားထွန်းကားနိုင်မည် ဖြစ်သောကြောင့် ကျောင်းတွင် ကျိန်း၍နေခြင်းငှာ မသင့်ကြောင်း၊ သံဃာ့သမဂ္ဂီများ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိ အောင် ကြိုးစားသင့်ကြောင်း စသည်ဖြင့် ဟောပြောခဲ့လေသည်။

သို့ကလို ဆရာတော် ဦးဥတ္တမသည် မြန်မာပြည်အနှံ့ အတော်အသင့် နိုင်ငံရေးတရားများ ဟောပြောတော်မူ ခဲ့ပြီးနောက် (၁၉၁၂) ခုနှစ်တွင် ဂျပန်ပြည်သို့ တစ်ဖန်ပြန်ကြွသွားပြန်သည်။ နှမဖြစ်သူ ဒေါ်အိမ်စိုးနှင့် မြန်မာလူငယ် သုံးယောက်တို့ကိုပါ ခေါ်သွားကာ ပညာသင်ကြားစေသည်။ (၁၉၁၂) ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပြန်ကြွသွားပြီးနောက် (၁၉၁၂)ခု မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၁၇) ရက် နေ့စွဲပါ စာတွင်-

““ဂျပန်အိမ်တို့သည် စက္ကူအိမ်များ ဖြစ်သည့်အတွက် အမည်းနေရာ၊ အဖြူနေရာ၊ အ၀ါနေရာရှိသည်။ ထိုနေရာ တွင် မြေဖြူနှင့်ဖြစ်စေ၊ ခဲတံနှင့်ဖြစ်စေ၊ မီးသွေးနှင့်ဖြစ်စေ မရေးရ။ မြန်မာလူမျိုးတို့သည် ထိုကဲ့သို့ရေးခြင်းကို အလွန် တရာ အလေ့အထရှိကြသည်။ မြန်မာပြည်၌ အိမ်တံခါးပိတ်၍သော်လည်းကောင်း၊ ထရံ၌သော်လည်းကောင်း၊ စားပွဲခုံ၌သော်လည်းကောင်း၊ စာသင်ကျောင်း၌သော်လည်းကောင်း၊ ဘုန်းကြီးကျောင်း၌သော်လည်းကောင်း၊ မီးရထားတွဲ ပေါ်၌သော်လည်းကောင်း၊ ရေအိမ်၌သော်လည်းကောင်း၊ သာလာယံဇရပ်၌သော်လည်းကောင်း မြေဖြူနှင့်ဖြစ်စေ၊ မီးသွေးနှင့်ဖြစ်စေ မကောင်းသော အခြင်းအရာ၊ ရိုင်းပျသော စာသားများကို ရေး၍ထားတတ်ကြသည်။ ယင်းသည် မကောင်းသော အကျင့်စာရိတ္တဖြစ်ကြောင်း ဟူ၍လည်းကောင်း။


တစ်ဖန် ဂျပန်ပြည်တွင် မြူနီစီပါယ်အဖွဲ့က ဦးဆောင်၍ တိုကျိုမြို့၏ သန့်ရှင်းရေးလုပ်ဆောင်ပုံကို မေလ (၂၁) ရက် နေ့စွဲပါ စာတွင်-

မေလ (၇) ရက်နေ့ကျသောအခါ တိုကျိုမြို့ (မြူနီစီပါယ်) အစိုးရများထံမှ ဆင့်စာတွင် အိမ်ကို ကောင်းစွာ သန့်ရှင်းရမည်ဆိုသောကြောင့် အိမ်ကို ဆေးကြော၍ သန့်ရှင်းပြီးလျှင် ထားရကြောင်း။ ဤဂျပန်တစ်ပြည်လုံးတွင် နှစ်နှစ်တစ်ခါ မေလကျသောအခါ တစ်နေ့ကို လမ်းတစ်လမ်း (ျှကမေအနမ) ကွာတာတစ်ခု၊ အရပ် တစ်ရပ်ကို သန့်ရှင်း ရကြောင်း၊ ထိုသို့ သန့်ရှင်းသောအခါ ၀န်စည်စလည် ပစ်္စည်းသေတ္တာများ၊ ဖျာများ၊ အသုံးအဆောင် အစခပ်သိမ်း တို့ကို လမ်းပေါ်မှာ ထုတ်၍ထားရသည်။ ဤကဲ့သို့ ထားပြီးလျှင် ပုလိပ်အရာရှိကြီးများ၊ ပုလိပ်သားများနှင့် သန့်ရှင်းရေး ကြီးကြပ်သူများ လာပြီးလျှင် အိမ်းတွင်းကို ၀င်ပြီး အညစ်အကြေးရှိသည်၊ မရှိသည်၊ သန့်ရှင်းသည်၊ မသန့်ရှင်းသည်ကို ကြည့်ပြီးလျှင် သန့်ရှင်းသောအိမ်ဖြစ်ပါက ဤအိမ်သည် ဤနှစ်အတွက် သန့်ရှင်း၍ စစ်ဆေးပြီးကြောင်းကို အိမ်တံခါးဝ တွင် စက္ကူကလေးတစ်ခု ကပ်၍သွားကြောင်း။ ထိုကဲ့သို့ အိမ်ကို ကောင်းမွန်စွာ သန့်ရှင်းရခြင်း၏ အကြောင်းကား အညစ်အကြေး မရှိ၍ လူများ ကျန်းမာစွာရှိလေအောင် ရောဂါဆိုး၊ အနာဆိုး မဖြစ်လေအောင် ပုလိပ်ရောဂါ မဖြစ် ရအောင် ကြည့်ရှုစောင်မ စောင့်ရှောက်ရကြောင်း ဟူ၍လည်းကောင်း။

တစ်ဖန် ဂျပန်ပြည်ရှိ ကျောင်းသူကျောင်းသားတို့အကြောင်း မေလ (၂၁)ရက် နေ့စွဲပါ အခြားစာ တစ်စောင် တွင်-

““ဂျပန်ကျွန်းတွင် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ခြောက်နှစ်စေ့၍ ဏမငာမေပှခ့သသူ (မူလတန်း စာသင်ကျောင်း)မှာ သင်လျှင် ထိုလူကလေး မိန်းကလေးတို့သည် ညကို (၁၀) နာရီမှအိပ်၍ မနက် (၅) နာရီကို အိပ်ရာက ထရမည်ဟူ၍ အစိုးရမင်းများကပင် ဥပဒေပြု၍ထားသည်။ ဦးပဉ္စင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်အနေ၊ အစားအသောက်၊ အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်း မရှိသည့်အတွက်ကြောင့် ပျက်စီးခြင်းမူလ ဖြစ်ဟန်ရှိကြောင်း”” ဟူ၍ စာသုံးစောင်တွင် ဂျပန်၏ အလေ့အထ၊ သန့်ရှင်းရေး၊ စည်းကမ်းပုံတို့ကို အတိအလင်း ကိုယ်တွေ့ ရေးသားထားလေသည်။ ၄ ဂျပန်နိုင်ငံမှ မြန်မာပြည်သို့ ပြန်ကြွလာပြီး သူရိယသတင်းစာတိုက်တွင် သီတင်းသုံး နေထိုင်တော်မူပြီး “ဂျပန်ပြည်အကြောင်း” စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့သည်။

ဆရာတော်၏စာအုပ်၌ ဂျပန်ပြည်အကြောင်းနှင့် ပတ်သက်၍ ဤသို့ဖော်ပြထားသည်။

ငါတို့ ဗုဒ္ဓဘာသာ သာသနာတော်သည် ရှေးအခါက အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတွင် အလွန်တရာကြီးပွား၍ ယခုအခါ ဘယ့်အတွက်ကြောင့် ဗုဒ္ဓဘာသာတရားကို မကိုးကွယ်ကြလေသနည်း။ မိမိတို့ ဗုဒ္ဓဘာသာတရားတော်သည် နှစ်ပေါင်း (၂၀၀၀)ကျော် ကာလက တည်ဘိသကဲ့သို့ ယခုလည်း တည်စေလိုသော ဆန္ဒဖြင့် အိန္ဒိယနိုင်ငံသို့ သွား၍ ထိုသူတို့၏ ဘာသာ၊ အယူဝါဒ၊ ထုံးစံ၊ စည်းကမ်းနည်းလမ်းတို့ကို သင်ယူပြီးလျှင် လေ့လာတတ်မြောက်၍ ရှင်တော် ဘုရား၏ တရားတော်မြတ်ကို ဟော၍နေသည့်အတွင်း တိဗက်နိုင်ငံတွင် ရဟန္တာရှိသည်ဟု ကြားရသဖြင့် ထိုနိုင်ငံသို့ သွားလိုသောဆန်္ဒဖြင့် ဟိမ၀န္တာတောင်ခြေရင်း၌ တည်ရှိသော ဒါဂျီလင်မြို့သွား၍ တိဗက်နိုင်ငံသို့ သွားရ၊ မသွားရ စုံစမ်းကြည့်ရာ တိဗက်ဘာသာစကားတတ်လျှင် သွားနိုင်သည်ဟု သိရသောကြောင့် မေလတွင် စ၍သင်သည်။ နိုဝင်ဘာလကျသောအခါ အလွန်အေးချမ်းလှသဖြင့် ကာလကတ္တား (ယခု ကိုးလ်ကတ္တား)သို့ ပြန်လာခဲ့သည်။

ဧပြီကျသော် တစ်ခါသွား၍ သင်ကြား၊ အနည်းငယ် ပြောတတ်ဆိုတတ်သောအခါ တိဗက်သို့ ဒါဂျီလင်မှ သွား၏။ နယ်ခြားသို့ ရောက်သောအခါ မ၀င်ရဆို၍ ပြန်လာပြီးလျှင် ကရိမာယာ (ကသီရ)နိုင်ငံသို့ သွားပြန်၏။ ထိုနိုင်ငံက ဆာရီနာဂရမြို့နှင့် (၁၅)ရက်ခရီးခန့် ကွာဝေးသော လဒတ်မြို့သို့ ၀င်ရအောင် သွားရောက်ပြန်သည်။ မ၀င်ရဟု တားမြစ်သည့်အတွက် စိတ်ပျက်ပြီးလျှင် အိန္ဒိယနိုင်ငံအတွင်းနှင့် ရှေးက အလွန်တရာကြီးကျယ်သော အီဂျစ်နှင့် ပြင်သစ်နိုင်ငံ ဥရောပနိုင်ငံတို့သို့ လှည့်လည်၍ သွားလာနေစဉ်အတွင်း ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးတို့ စစ်ပြိုင်၍တိုက်ကြရာ စစ်တိုက်သောနေ့ကစ၍ စစ်ပွဲပြီးသည့်တိုင်အောင် ဂျပန်လူမျိုးတို့သည် အရေးသာလျက် ရုရှား လူမျိုးတို့ကို နိုင်နင်းကြောင်းကို သတင်းစာ အစောင်စောင်တို့တွင် တွေ့မြင်ရ၍ ရှေးအခါက ရာဇ၀င်၊ မဟာဝင်တို့တွင် အပါအ၀င်မဟုတ်သော နိုင်ငံ၏ အရေအတွက်တွင် မသွင်းသော အာရှတိုက်အရှေ့ဘက်က ဆီမီးခွက်လောက် ဂျပန်က ရုရှားကိုနိုင်ကြောင်း။ ဂျပန်လူမျိုးတို့နှင့် ရုရှားလူမျိုးတို့ကို ယှဉ်၍ကြည့်လိုက်သော် ဂျပန်တို့က လူပုလူငယ်၊ ရုရှားတို့က ဂျပန်ထက် ခွန်အားဗလ ပြည့်စုံကြောင်း၊ သို့ပါလျက် ဂျပန်သည် ရုရှားလူမျိုးတို့ကို စစ်ပြိုင်တိုက်လျက် အဘယ့်ကြောင့် နိုင်သနည်းဟု အံ့သြခြင်းဖြစ်ပြီးလျှင် ယခုအခါ ငါတို့သည် သူတကာထက် အစစအရာရာတွင် အောက်ကျနေသည့် အတွက် ငါတို့ဘာသာတရားသည်လည်း ဘယ်သောအခါမှ ကြီးပွားမည်မဟုတ်။

ငါတို့နိုင်ငံ၊ ငါတို့မြန်မာလူမျိုး ကြီးပွားမှသာလျှင် ငါတို့ကိုးကွယ်သော ရှင်တော်ဘုရား၏ သာသနာတော်သည် လည်း ကြီးပွားကျော်ဇော၍ ကမ္ဘာပေါ်တွင် ပေါ်လွင်ထွန်းတောက်လာနိုင်မည်ဟု အထင်ရှိ၍ ဂျပန်လူမျိုးတို့၏ လုံ့လ၊ ၀ီရိယ၊ စည်းကမ်းနည်းလမ်း၊ ထုံးစံ ဘာသာ အယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို နည်းခံရအောင်အကြံဖြင့် ၁၉၁၇ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာ၍ ထိုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ ရန်ကုန်က စင်ကာပူမြို့သို့ သင်္ဘောစီး၍ ထွက်ခွာ၏။ ထိုမှတစ်ဖန် (၁၀) ရက်နေ့ ဂျပန်ကျွန်းကြီးသို့ သင်္ဘောစီး၍ ထွက်ခွာရာ ယိုကိုဟားမားဆိပ်ကမ်းသို့ မတ်လ (၁၇) ရက်နေ့ရောက်ကြောင်း၊ နေရထိုင်ရတာများကို စုံစမ်းလိုက်သော် မြန်မာပြည်က ရဟန်းတော်များကဲ့သို့ ဆွမ်းခံစား၍မရ၊ တခြား ဥရောပတိုက်သား တရားဟောဆရာ တို့ကဲ့သို့ ထောက်ပံ့ကြည့်ရှုသော အသင်းများလည်း မရှိ၊ သို့သော် မိမိပညာကို အားကိုး၍ အိန္ဒိယနိုင်ငံမှာပင် တစ်စုံ တစ်ယောက် ထောက်ပံ့သောသူ မရှိဘဲလျက် ရှစ်နှစ်ကျော်မျှ နေထိုင်ခဲ့သည်။

ဤ ဂျပန်ပြည်မှာလည်း နေထိုင်အောင် ကြံသည်ဟူသော ဆန္ဒဖြင့် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းတော် ကြီးတွင် အကြီးဥက္ကဋ္ဌဖြစ်သော အမတ်ကြီး အိုတာမီထံ ဦးပဉ္စင်းသည် ရဟန်းဝါ (၉) ၀ါရ၍ အင်္ဂလိပ်ဘာသာနှင့်တကွ ပါဠိဘာသာ၊ သင်္ကရိုက်ဘာသာ၊ ဘင်္ဂလီ၊ နာဂရီ အားလုံး ရှစ်ဘာသာကို စာနှင့်တကွ တတ်မြောက်၍ အမတ်ကြီး၏ သိပ္ပံကျောင်းတွင် အသုံးပြုလိုပါက ဦးပဉ္စင်းကို အကြောင်းကြားပါဟု စာပေးလိုက်ရာ နှစ်ရက်နေပြီးမှ စာပြန်လေသည်။ စာနှင့် ကိုယ်တော်ကြွလာခဲ့ပါ။ ကိုယ်တော် ဂျပန်စာနှင့် စကား အယူဝါဒ၊ ဓလေ့ထုံးစံများကို သင်ပါ။ သင်နေသည့် အတွင်း စရိတ်စကကို ကျွန်တော်က ခံယူပါမည်ဟု ဆို၍ ကြွသွားသောအခါ အင်္ဂလိပ်စာတတ်သော ဂျပန်တစ်ယောက် ကို အပ်လျက် သင်ပြစေပါသည်။ တစ်နှစ်သင်ပြီးလျှင် ဂျပန်စာကို ဘာသာစကားနှင့်တကွ စာမေးပွဲဝင်၍ အောင်မြင် သည်။

ထို့နောက် တက်္ကသိုလ်တွင် ပါဠိနှင့် သင်္ကရိုက်ဘာသာ ပရော်ဖက်ဆာအဖြစ် ခန့်အပ်၍ အခြားဆရာများ နည်းတူ လခကို ပေးမည်ဟုပြော၏။ ခင်ဗျား ကျေးဇူးအလွန်ကြီးပါတယ်။ လစာ မယူပါရစေနှင့်။ ရှေးကကဲ့သို့ပင် ကြည့်ရှုထောက်ပံ့ပါ။ ဦးပဉ္စင်းသည် ထိုသိပ္ပံကျောင်းတော်တွင် (၂)နှစ်ကျော်လောက် ပြပြီးနောက် မိမိမွေးရပ်ဌာနေသို့ မရောက်သည်မှာ ကြာပြီဖြစ်၍ ပြန်ဦးမည်အကြံဖြင့် အမတ်ကြီးကိုပြောရာ စရိတ်ဘယ်လောက် အလိုရှိပါသနည်းဟု မေး၏။ ဦးပဉ္စင်းက ယခု မြန်မာပြည်သို့အပြန်တွင် ကိုရီးယား၊ မန်ချူးရီးယားပြည်၊ ရို့အာသာမြို့၊ တရုတ်ပြည်၊ အာနမ်ပြည် (ကမ္ဘောဒီးယား)၊ ထိုင်း၊ သီဟိုဠ်ကျွန်း (သီရိလင်္ကာ)၊ အိန္ဒိယနိုင်ငံတို့ကို လှည့်လည်၍ ပြန်လိုကြောင်း ပြောသောအခါ ဒုတိယတန်း၌ စားစရိတ်၊ ခရီးစရိတ်ကို တွက်၍ပေးလိုက်သည်။ ဂျပန်မှ (၁၉၁၀) ပြည့်နှစ်တွင် ထွက်လာကြောင်း၊ (၁၉၁၁) ခုနှစ်တွင် မြန်မာပြည်သို့ရောက်ကြောင်း စသည်ဖြင့် ရေးသားထားလေသည်။

ဦးဥတ္တမ ရေးသားထားသော “ဂျပန်ပြည်အကြောင်း” စာအုပ်တွင် ဖော်ပြပါရှိသည့် စာပိုဒ်များကို ဖတ်ရှုခြင်းဖြင့် ဆရာတော် ဦးဥတ္တမသည် မြင့်မားသော ရည်ရွယ်ချက်ဖြင့် မည်သို့မည်ပုံ ပြည်ပနိုင်ငံများသို့ လှည့်လည် သွားလာခဲ့သည် ဆိုသည်ကို သိရှိနိုင်ပေသည်။

သူရိယသတင်းစာမှနေ၍လည်း အမျိုးကို စောင့်ရှောက်ရမည့် ၀ံသာနုရက်္ခိတ တရားများကို လှုံ့ဆော်ရေးသား ခဲ့သည်။ ယင်းနောက် ကမာရွတ်တွင် တစ်ပါးတည်း သီတင်းသုံးကာ နိုင်ငံရေးတရားများကို လှည့်လည်ဟောပြောမှု ပြုခဲ့သည်။ ထိုစဉ်က ဆရာတော်အား တရားဟောသောအခါ ကားမရှိလျှင် ထမ်းစင် (ဝေါ)ဖြင့် လူမျိုးပေါင်းစုံထမ်း၍ တရားဟောစင်မြင့်ပေါ်သို့ အရောက်ပို့ဆောင်ပေးကြသည်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်း သားများ သပိတ်စတင်မှောက်ကြသည်။ ထိုစဉ်က ဘုရင်ခံမှာ အင်္ဂလိပ်လူမျိုး ဆာရယ်ဂျီနယ်ကရက်ဒေါက် ဖြစ်သည်။ ကျောင်းသားများ သပတ်မှောက်စဉ်က ဆရာတော်မှာ ကာလကတ္တားမြို့သို့ ခေတ္တကြွရောက်နေသည်။ ဆရာတော် ဦးဥတ္တမသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ကြောင်းကို ကြားသိသည်နှင့် တစ်ပြိုက်နက် မီရာ သင်္ဘောဖြင့် ကာလကတ္တားမြို့မှ ရန်ကုန်မြို့သို့ ကြွရောက်လာခဲ့လေသည်။ ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ဗမာ့ခေတ် သတင်းထောက် ဦးဘရင်သည် သူရေးသားသော “ဆရာတော်ဦးဥတ္တမ” စာအုပ် စာမျက်နှာ (၄၂)တွင် ဤသို့ ရေးသား ဖော်ပြခဲ့သည်။

““(၁၉၂၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလတွင် ဦးဥတ်္တမ ကာလကတ်္တားတွင် ရောက်ရှိနေ၏။ ထိုနှစ်က ဦးဥတ်္တမ၏ ဦးရီးတော်ဖြစ်သူ စစ်တွေ့မြို့မှ ဦးချစ်ခိုင်နှင့် ဇနီး မစံလှဖြူတို့သည် မျက်စိရောဂါကုသရန် ကာလကတ်္တားသို့ ခေတ်္တ သွားကြသည်။ ထိုအခါတွင် ဦးဥတ်္တမ၏ညီ ကျော်ထွန်းအောင်သည်လည်း ပါသွားလျက် ကာလကတ်္တားမြို့ ရခိုင်ပွဲစား တစ်ဦး၏အိမ်တွင် တည်းခိုနေထိုင်ကြသည်။

တစ်နေ့သောအခါ ဆရာတော် ဦးဥတ်္တမသည် ကြေးနန်းစာရွက်ကလေးတစ်ခုကို ကိုင်ပြီး ပြုံးပြုံးရယ်ရယ်နှင့် ပွဲစားအိမ်သို့ ကြွလာသည်။ ဒွေးတော်သူ မစံလှဖြူက ““အလို- ဦးပဉ်္စင်း ဒီတစ်ခါ ရယ်လို့မောလို့၊ ဘာများ သဘောကျပြီး ပြန်လာသလဲ””ဟု ဆီး၍လျှောက်ထားလေသည်။

““ဒကာမကြီး ဒီတစ်ခါတော့ ကျုပ်ကိုယ်ကျုပ် သေပျော်ပြီလို့ ၀မ်းသာအားရရှိတာနဲ့ ပြုံးလာတာပဲ””ဟု အမိန့် ရှိလေသည်။ ဒွေးတော်က ““ဘာများဖြစ်လာသလဲ””ဟု မေးရာ ဦးဥတ်္တမက ““ငါတို့ ဗမာလူမျိုးတွေ လူနဲ့သူနဲ့ တူလာ ကြပြီ၊ ဒီလို လူစိတ်ရှိလာလို့ ငါဝမ်းသာလာတာပဲ””ဟု ဆို၏။

““အရင်ကတော့ ဗမာတွေဟာ လူစိတ်မရှိလို့ ခွေးစိတ်ရှိနေသလား ဘုရား””

ဦးဥတ်္တမက ““လူစိတ်ရှိတယ်ဆိုတာ ဒီလိုလေ၊ လူဟာ လူ့အခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်၊ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မရ-ရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးပဉ်္စင်း ဆိုလိုတာပဲ။ ဟော- အခု ရန်ကုန်ကောလိပ်ကျောင်းသားတွေကစပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကြကုန်ပြီတဲ့။ ရန်ကုန်မြို့ကနေပြီး အဲဒီကိစ်္စကြီးမှာ ဦးပဉ်္စင်းထံ အကြံဉဏ်တွေ ယူချင်လို့ ဦးပဉ်္စင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ အခုပဲရတယ်။ ဗမာတွေ ဒီလို စိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ်္စင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးပဉ်္စင်း သေပျော်ပါပြီလို့ ပြောတာ””ဟု ရှင်းလင်းတော့မှပင် ဒွေးတော်၊ ဦးရီးနှင့် ညီဖြစ်သူတို့ နားရှင်းသွားကြလေသည်။””

ရန်ကုန်ကောလိပ် ပထမသပိတ်ကြီးမှာ (၁၉၂၀) ပြည့်နှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ (၁၂၉၀) ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် သပိတ်မှောက်ခဲ့သည်။ ထိုသတင်းကြးနန်းကို ရလျှင်ရချင်းပင် ဆရာတော်သည် ရန်ကုန်သို့ မီရာသင်္ဘောဖြင့် ကြွလာပြီး ၀ိုင်အမ်ဘီအေခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးသည် ဟူသတည်း။

ရန်ကုန်ကောလိပ် သပိတ်မှောက်ပြီးနောက် နယ်ချဲ့အစိုးရသည် မျိုးချစ်စိတ်နှိုးဆွရာ လက်နက်ကောင်းတစ်ခု ဖြစ်သော သတင်းစာများကို ပိတ်ပစ်ရန် အာမခံကြေးများ တောင်းခဲ့သည်။ အင်္ဂလိပ်ငွေ (၂၀၀၀ိ)၊ (၃၀၀၀ိ)၊ (၅၀၀၀ိ) စသည်ဖြင့် အာမခံကြေးများ ပေးခဲ့ရရှာသည်။ ဂျာနယ်အချို့ကိုလည်း ပိတ်ပစ်လိုက်ရာ သူရိယ၊ မြန်မာ့အလင်း၊ ပညာ့အလင်းနှင့် ဗန္ဓုလဂျာနယ် (၄) စောင်သာ ကျန်ရစ်တော့သည်။

ထိုစဉ် ဝေလမင်းသား (နောက်နန်းစွန့် အဋ္ဌမမြောက် ဂျော့ဘုရင်) မြန်မာပြည်သို့ လာမည်ဖြစ်ရာ ၀ိုင်အမ် ဘီအေအသင်းမှ ကြီးမှူး၍ ဝေလမင်းသားကို မကြိုဆိုရန် သပိတ်မှောက်ကြသည်။ ခေါင်းဆောင်အချို့ကို ဖမ်းပြီး သပိတ်မှောက်လျှင် အပြစ်ပေးနိုင်သော ဘွိုင်ကောက် ဥပဒေကို ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဘုရင်ခံ တင်းတင်းမာမာ ဆောင်ရွက်လာသောအခါ မြန်မာပြည်သူများ မကျေမနပ် ဖြစ်နေကြသော် လည်း မိမိတို့၏ ဆန်္ဒကို ဖွင့်ဟထုတ်ပြခြင်း မပြုဝံ့ဖြစ်နေချိန်တွင် ဆရာတော် ဦးဥတ်္တမသည် ဘုရင်ခံထံ စာတစ်စောင် ရေးပို့လိုက်လေသည်။ ထိုစာမှာ ““ဆာရယ်ဂျီနယ်ကရက်ဒေါက်မင်း မြန်မာပြည်က ထွက်သွား”” ဟူ၍ ဖြစ်လေသည်။ အဆိုပါ နှင်စာကို သူရိယသတင်းစာက ထည့်သွင်းဖော်ပြခဲ့ရာ တစ်တိုင်းတစ်ပြည်လုံး မျက်လုံးပြူး အံ့အားသင့်ခဲ့ ကြသည်။ အကြောင်းမှာ ဘုရင်ခံကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ရေးရဲသော အာဇာနည်ပုဂ်္ဂိုလ်ထူး၏ စာကြောင့်ပင် ဖြစ်သောကြောင့်တည်း။

ဤစာကြောင့် မြန်မာလူမျိုးများအတွင်း၌ မီးခဲပြာဖုံးဖြစ်နေသည့် လွတ်လပ်ရေးစိတ်၊ အမျိုးသားစိတ်ဓာတ်ကို တပ်လှန့်နှိုးဆော်ပေးလိုက်သလို ဖြစ်သွားသည်။ မြန်မာလူမျိုးများ နိုးကြားထကြွလာကြသည်။ ဇာတိသွေး ဇာတိမာန် တက်ကြွလာသည်။ ထို့ပြင် ဤကဲ့သို့ ပြောနိုင်သော အခွင့်အရေးရှိသည်ဟူသော အချက်ကို မြန်မာလူမျိုးတို့အား နိုးကြားသိမြင်လာစေခဲ့လေသည် ။

Saturday, 26 January 2013

ကွန်ပြူတာ အသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ



===============================

http://www.mediafire.com/?ememzwhndzm = Gmail ရဲ့  လှို့ဝှက် ချက်တွေသိချင်ရင်

http://www.mediafire.com/?noziemyl5yj = GTALK နှင့်ပက်သက်သမျှ

http://www.mediafire.com/?050ltj4kgkd = လွယ်ကူစွာ ဂျီမေးနှင့် ဂျီတော့အသုံးပြုနည်း

http://www.mediafire.com/?yyyzjylj2gy = ဂူးဂဲလျို့ဝှက်ချက်များ

http://www.mediafire.com/?tzdqjdmemdj = ၀က်ဒီဇိုင်း လက်တွေ့ သင်ခန်းစာများ

http://www.mediafire.com/?xagz1meq9yn = မြန်မာဘလော့ တစ်ခု ပြုလုပ်ပုံ အဆင့်ဆင့်

http://www.mediafire.com/?dgxzdjwdrmd = ၀က်ပိတ်တစ်ခု ဖန်တီးခြင်း

http://www.mediafire.com/?w3cdqdzwmmx = HTML မိတ်ဆက်

http://www.mediafire.com/?zjcjv2dnrso = ဘလော့ဂါနှင့် ဆိုက်ဘာ အတိုက်အခံ သမားများ လက်စွဲ

http://www.mediafire.com/?twdjnizznnu = PHOTOSHOP NOTES(2) အကြောင်း

http://www.mediafire.com/?p07vsb70gmrk9q5 = ADOBE PHOTOSHOP CS (မြန်မာ)

http://www.mediafire.com/?52q0ew2umzg = TIPS AND TRICKS OF PS CS4 (အင်္ဂလိပ်)

http://www.mediafire.com/?wlzgykyjmjw = MAYA AND PHOTOSHOP (အင်္ဂလိပ်)

http://www.mediafire.com/?0yxwwztxf1k = ADOBE PHOTOSHOP 7.0

http://www.mediafire.com/?twdjnizznnu = ဖိုတိုရှော့မှတ်စုများ

http://www.mediafire.com/?jd0hmmzdqdj = ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ

http://www.mediafire.com/?ijjgjjvz3t3 = ဗီဒီယိုတည်းဖြတ်ခြင်းသင်ခန်းစာ

http://www.mediafire.com/?dluzztilwmb = PC MECHANIC

http://www.mediafire.com/?ytoevqnnqwy = ပီစီတစ်လုံး တပ်ဆင်ရန် ရွေးခြယ်ခြင်း

http://www.mediafire.com/?qatznyhmycx = ကွန်ပြူတာသိပံ္ပ္ပမိတ်ဆက်

http://www.mediafire.com/?dluzztilwmb = ဒီစာအုပ်ဖတ်ပြီးမှ ကွန်ပျူတာပြင်ပါ

http://www.mediafire.com/?qnji1uh2qnj = ကွန်ပျူတာ အကြောင်း အသေးစိတ် သိစရာ

http://www.mediafire.com/?zxjnayfxynw = ကွန်ပျူတာ တပ်ဆင်ပြုပြင် ထိန်းသိမ်းနည်း

http://www.mediafire.com/?ksqsyeashheupib = အကောင်းဆုံး ကွန်ပျူတာ ပြုပြင်ခြင်း အခြေခံနည်းစနစ်

http://www.mediafire.com/?qndaxgdede0 =ကွန်ပျူတာအမေးအဖြေ

http://www.mediafire.com/?wswd9ayna1t = ကွန်ပျူတာ ပြုပြင် ထိန်းသိမ်း ခြင်းနှင့်
http://www.mediafire.com/?z0jmgzdyggq = ကွန်ပျူတာ အဆင့်တိုးမြှင့် ခြင်းနှင့်
http://www.mediafire.com/?dzsiyudsbh3 = သတင်းအချက် အလက် ဆက်သွယ်ရေး စနစ်

http://www.mediafire.com/?twnftxnvxtr = ကွန်ပျူတာ သုံးစွဲသူတိုင်း အတွက် အင်္ဂလိပ်စာ

http://www.mediafire.com/?njiycdz4htw = တီထွင်မှု မှော်ဝိဇ္ဇာကြီး အယ်လ်ဗာ အယ်ဒီဆင်

http://www.mediafire.com/?ymzb9ubyzmm = ၂၁ ရာစု ဂူးဂဲနှင့် ပြောင်းလဲသွားသော အင်တာနက် စီးပွားရေးစနစ်ကို လေ့လာခြင်း

http://www.mediafire.com/?cigqtwgskzx = တီထွင်မှုများ
http://www.mediafire.com/?wymogtik4cu = သိပ္ပံနှင့် နည်းပညာ

မူရင်း= ကွန်ပြူတာ အသုံးပြုသူတိုင်း အသုံးဝင်သည့် စာအုပ်များ

Thursday, 24 January 2013

ရခိုင်အာဇာနီသူရဲကောင်း ခိုင်မိုးလင်း ကိုဂုဏ်ပြုတမ်းတ အထိမ်အမှတ်



ဘင်္ဂလားဒေရှ့် မှာ ကျင်ပနိန်စိုင်
ရခိုင်အာဇာနီ ခိုင်မိုးလင်း(၁၉၄၄-၁၉၇၇)
ရခိုင်ပြည်လွတ်မြောက်ရေးပါတီဥက္ကဋ္ဌကြီးနှင့်ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ဖခင်ကြီး တစီတစ်စောင်းလေ့လာ
ဗျာလ် တင်ပြလိုက်ပါရေ။ ရခိုင့်အာဇာနီ ခိုင်မိုးလင်းကို အဖဦးမောင်ဖြူသီးနှင့် အမိဒေါ်လှညွန့်ဦးတို့မှ ၁၉၄၄ ခုနှစ်တွင်ရသေ့တောင်မြို့နယ်အ၀ဒါကျေးရွာမှာ မွီးဖွားခပါရေ။ငယ်နာမေကတောခါ စံလှဘော်ဖြစ်တေ ။အဖရခိုင်ပြည်ကြီးနှင့်ရခိုင်လူမျိုးတိကိုကျွန်ဘ၀မှလွတ်မြောက်နိုင်ရေးအတွက် ရခိုင်တပ်မ
တော်နန် ရခိုင်လွတ်မြောက်ရေးပါတီကိုထူထောင်ကာ ဆင်းရဲဒုက္ခမျိုးစုံခံပြီး အသက်သွီးချွဲတိကိုရင်နှီးဗြီးကေ
ဗမာ့ရန်သူမဆလနှင့်တိုက်ပွဲပေါင်းမြောက် မြားစွာ ယှဉ်ပြိုင်တိုက်ခိုက်ခပါရေ။ နီထွက်ရာအရပ်ဖြစ်တေ မြန်မာပြည်အရှီဖက်ခြမ်း ကရင်ပြည် သော်လဲထာ စခန်းမှ မိုးလင်းရာဇာစစ်ကြောင်းကိုဦးဆောင်ကာ ခရီမိုင်ပေါင်း(၂၀၀၀)ကျော်ဝီးရေ အဖရခိုင်ပြည်သို့ တစ်နှစ်နီးပါးခန့် ဇွဲသတ္တိအပြည့်ဖြင့် ချီတက်ခပါရေ။
ရခိုင်ပြည်လွတ်မြောက်ရေးအတွက် သူရဲကောင်းပီသစွာ ဦးဆောင်လမ်းပြနိုင်ခပါရေ ။ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် အဓိဌာန်ပြုပြီးကေ ၊ကရင်ပြည်မှ သျှမ်းပြည် တောင်ပိုင်း အလယ်ပိုင်း၊
မြောက်ပိုင်း၊ကချင်ပြည်များကိုဖြတ်ကျော်လာဗြီး ချင်းပြည် လမ်းခုလတ် တီးတိန်မြို့နယ်အရောက် ဗမာရန်သူ
မဆလတပ်ရင်း(၅)ရင်း ဖြင့်ဝိုင်းရံပိတ်ဆို့ ခြင်းကိုခံရဗြီး အပါးကပ်လှံစွပ်ထိုးတိုက်ပွဲ ပေါင်း(၉)ပွဲအပါးကပ်ရင်ဆိုင်တိုက်ပွဲပေါင်း(၃၀)ကျော်ဖြစ်ပွားဗြီးနောက် ရန်သူ့ ထံတွင်လုံးဝဒူးမထောက်
လက်မမြောက် ငါအတွက်ကျည်သုံးတောက် ပြောခရေစကားအတိုင်း ၁၉၇၇ခုဇွန်လ(၄)ရက်နိန့် မိမိကိုယ်ကို အဆုံးစီရင်ကာ အာဇာနည်ပီသစွာ သမိုင်းပီးတာဝန်ကျီခပါသည်။
ဥက္ကဋ္ဌခိုင်မိုးလင်း မှာခရေ အဆိုအမိန့် ၆ချက်မှာ
၁။ရခိုင်တစ်မျိုးသားလုံးတစ်မိတည်သားပမာချစ်ခင်ကတ်။
၂။ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ရခိုင်တပ်မတော်ကိုတည်ဆောက်ကတ်။
၃။ရခိုင်ပြည်လွတ်မြောက်ရေးအတွက်ဘ၀တူအဖိနိပ်ခံပြည်သူများနန်လက်တွဲကတ်။
၎။ရခိုင်ပြည်လွတ်လပ်ရေးသည်လက်နက်ကိုင်တိုက်ပွဲမှတပါးအခြားသောနည်းလမ်းမဟိန်။
၅။ရခိုင်ပြည်လွတ်လပ်ရေးသည်ရခိုင်အမျိုးသားစည်းရုံးညီညွတ်ရေးတွင်တည်ဟိန်သည်။
၆။ရန်သူ့ ထံတွင်ဒူးထောက်လက်မြောက်ခြင်သည် အဖိနိပ်ခံပြည်သူများအတွက် ခွင့်မလွတ်နိုင်သောရာဇ၀တ်မှူးကျူးလွန်ရာရောက်သည်။
ခရီမထွက်ခင် ဥက္ကဋ္ဌကြီး ခိုင်မိုးလင်း ပြောခသည်မိန့် ခွန်း(၁၉၇၆)ဇွန်လ(၅)
.

Wednesday, 23 January 2013

ရန်ကုန်-သံတွဲ အမြန်ယဉ်ချောက်ထဲကျ (၁၃) ဦးသေ အများအပြားဒါဏ်ရာ


ခိုင်လင်းစံ (Arakan Review)၊ ဇန်နဝါရီလ (၂၃) ရက်၊ ၂၀၁၃ ခုနှစ်။
------------------------------------------------------------------
ရခိုင်ပြည်၊ သံတွဲမြို့နှင့် ရန်ကုန်သို့ ပြေးဆွဲနေသော အောင်သစ္စာ အမြန်ယဉ်မှာ ယနေ့နံနက် အရုဏ်ပိုင်းအချိန်တွင် ရခိုင်ရိုးမ တောင်တန်းကို ဖြတ်ကျော်နေစဉ် လမ်းလျှော်ကာ ချောက်ထဲသို့ ထိုးကျသွားကြောင်း သတင်းရရှိသည်။

အဆိုပါကားမှာ ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ရခိုင်ရိုးမတောင်တန်းရှိ မိုင်တိုင်အမှတ် (၇၁/၄) နေရာ နေပူတောင်မှ အဆင်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူ (၁၃) ဦးရှိပြီး၊ ထိခိုက်ဒါဏ်ရာရသူ အများအပြားရှိကာ လက်ရှိအချိန်တွင် တောင်ကုတ်ဆေးရုံသို့ ဒါဏ်ရာရလူနာ (၂၄) ဦး ရောက်ရှိနေကြောင်းပြီး ကျိုးပဲ့သူများနှင့် ဒါဏ်ရာပြင်းထန်သူများအား သံတွဲဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

“ကားမှောက်တာက အချိန်ကို အတိကျ မသိရသေးပါဘူး။ အချိန်က နှစ်ခုသုံးခုဖြစ်နေတယ်။ အရုဏ်ပိုင်းမှာ ဖြစ်တာတော့ သေချာပါတယ်။ မိုင်တိုင်အမှတ် (၇၁) (၄) ဖါလုံမှာ ချောက်ထဲကို ထိုးကျသွားတာဖြစ်ပါတယ်။ ကားက အောင်သစ္စာ အမြန်ယဉ်ဖြစ်ပါတယ်။ သေဆုံးသူက (၁၃) ဦးရှိပြီးတော့ ဒါဏ်ရာရသူက (၂၄) ဦးရှိပါတယ်။ အခု အဲဒီဒါဏ်ရာရသူတွေကို သံတွဲဆေးရုံကို ပို့ဖို့လုပ်နေပါပြီ။”ဟု ကိုသန်းလှိုင်က Arakan Review သို့ပြောသည်။

အောင်သစ္စာကားမှာ ရခိုင်ပြည် နေရာအနှံတွင် ပြေးဆွဲလျှက်ရှိပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်လာသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယခုကဲ့သို့ဖြစ်ရခြင်းမှာ လမ်းများပျက်စီးနေပြီး ပြုပြင်ခြင်းမရှိသည့်အပြင် လမ်းမှာ အဝေးပြေးလမ်းမနှင့်မတူဘဲ ကျဉ်းမြောင်းခြင်း၊ စနစ်တကျမရှိခြင်းတို့ကြောင့် လေအိတ်ကားများ သွားလာရန် အဆင်မပြေသည့်အတွက်ဖြစ်ကာ လွန်ခဲ့သည့် (၂၀၀၈-၀၉) ခုနှစ်များကလည်း ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမတွင် ယင်းသို့လမ်းပျက်ခြင်း၊ လမ်းဖေါက်လုပ်မှု မကောင်းခြင်းတို့ကြောင့် လမ်းလျှော် တိမ်းမှောက်ခဲ့သည့်အကြိမ်ပေါင်း (၈) ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့ကြောင်း မှတ်တမ်းများအရ တွေ့ရှိရသည်။

နောက်ဆုံးရ သတင်းများအရ ဒဏ်ရာရရှိသူ လူနာ (၃၃) ဦး၊ ဒဏ်ရာပြင်းထန်သည့် ဘုန်းတော်ကြီး (၂) ပါးနှင့် အမျိုးသား (၆) ဦး မှာ သံတွဲဆေးရုံကို ရောက်ရှိနေပြီး ဒရိုင်ဘာ သိန်းနိုင်မှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး အကူယဉ်မောင်း ဇော်မင်းနိုင်မှာ ပွဲချင်းပြီး သေဆုံးကြောင်း တောင်ကုတ်မြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းအခြေစိုက် Eleven သတင်းတွင် ဖော်ပြထားသည်။

Tuesday, 22 January 2013

သမိုင်းထဲက ရခိုင်မြို့ တော်ဟောင်း မြောက်ဦး


ဒီတစ်ပတ်တော့ မြောက်ဦးမြို့ခရီးအကြောင်း ဆက်ရေးပါ့မယ်နော်။ မြောက်ဦးမြို့ကိုသွားတဲ့ လမ်းတစ်လျှောက် အကြောင်းကိုတော့ ဒီနေရာမှာ ရေးပြီးပါပြီ။ မဖတ်ရသေးရင် ပြန်ဖတ်နိုင်ပါတယ်နော်။ မြောက်ဦးမြို့ကို ညနေ ၂နာရီလောက်မှာရောက်ပြီးနောက် နဝရတ်ဟိုတယ်မှာ ခနနား၊ ရေမိုးချိုးပြီး စီစဉ်ထားတဲ့ကားနဲ့ လေ့လာရေး စထွက်ပါတယ်။ မြောက်ဦးမှာ အဓိက ငှားလို့ရနိုင်တဲ့ ကားတွေကတော့ ဂျစ်ကားတွေများပါတယ်။ မှန်လုံကား၊ ဆလွန်းကားတွေတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဘုရားတွေက တစ်နေရာနဲ့တစ်နေရာ သိပ်မဝေးလှတာကြောင့် ဂျစ်ကားနဲ့လည်း သွားလာ လည်ပတ်လို့ အဆင်ပြေပါတယ်။ ပထမဦးဆုံး ကျွန်မတို့ တည်းတဲ့ဟိုတယ်နဲ့ နီးနီးနားနားက မြောက်ဦး နန်းတော်ဟောင်းကို အရင်ဆုံး သွားရောက်လေ့လာဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ရခိုင်ရာဇဝင်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ရခိုင်မှာ ခေတ်လေးခေတ်၊ မြစ်လေးမြစ် လို့ အဆိုရှိရာမှာ ခေတ်လေးခေတ်ကတော့ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ်ဆိုပြီး  ထွန်းကား ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ရခိုင်မှာ ရှိတဲ့ မြစ်လေးစင်း ကတော့  နတ်မြစ်၊ မယူမြစ်၊ ကုလားတန် ခေါ် ကစ္ဆပနဒီမြစ်နဲ့ လေးမြို့မြစ်ခေါ် အဉ္စနနဒီမြစ် တို့ဖြစ်ပါတယ်။  ခေတ် ၄ခေတ် မတိုင်ခင် ဘုရားရှင် ပွင့်တော်မမူခင် နှစ်ပေါင်း ၅၀၀၀ ကျော်လောက်ကတည်းက ဒွာရာဝတီခေတ်နဲ့ ပထမ ဝေသာလီခေတ်၊ ပထမ ဓညဝတီခေတ်တို့ ထွန်းကားခဲ့သေးတယ်လို့လည်း မှတ်သားရပါသေးတယ်။ သမိုင်းထဲက ခေတ် ၄ခေတ်ထဲမှာ  ဓညဝတီခေတ်ရဲ့ ဓညဝတီမြို့ဟောင်းကိုတော့ မြောက်ဦးကိုအလာမှာ လမ်းမှာဖူးတွေ့ရတဲ့ မဟာမြတ်မုနိဘုရားကြီးရဲ့ အနီးမှာ ဓညဝတီ နန်းတော်ဟောင်း နေရာကို ပြန်လည် တူးဖော် ထားတာ တွေ့နိုင်ပါတယ်။ ဓညဝတီခေတ် ဘီစီ ၅၈၀တွင် နန်းတက်သော ဘုရင်  စန္ဒသူရိမင်းနန်းတက်ချိန်သည် အိန္ဒိယမှာ ဗုဒ္ဓဘုရားရှင် ပွင့်တော်မူစဉ်နဲ့ တစ်ချိန်တည်း ဖြစ်ခဲ့ပါတယ်။ ဓညဝတီ ရခိုင်ပြည်ကြီးကို ( ကျောက်တော်မြို့အနီး ကစ္ဆပနဒီမြစ်ကမ်းဘေးက ကျောက်တော်တောင်သို့) ဘုရားရှင် ကြွရောက်ပြီး တရားရေအေး တိုက်ကျွေးပြီးတဲ့နောက်မှာ ရခိုင်ပြည်သူ ပြည်သားများအားလုံး ဗုဒ္ဓဘာသာ စတင် ကိုးကွယ်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

ဓညဝတီမြို့တော်ဟောင်းနေရာ 

Image Hosted by PicturePush - Photo Sharing 
ဝေသာလီမြို့ဟောင်းနေရာ

ဓည၀တီမြို့သည် အေဒီ ၃၂၇ အထိ မြို့တော်အဖြစ် ရှိခဲ့ပြီးနောက် သူရိယကေတုမင်း လက်ထက်မှာ ဝေသာလီကို ပြောင်းရွေ့ခဲ့ပါတယ်။ ဝေသာလီမင်းဆက်တွေ စိုးစံခဲ့တဲ့ ဝေသာလီခေတ် အထောက်အထား မြို့ဟောင်းနေရာကိုလည်း မြောက်ဦးမြို့အလာ လမ်းဘေးနားမှာ တွေ့နိုင်ပါတယ်။ ဝေသာလီ ကျောက်လှေကားမြို့ဆိပ်ကမ်းမှာ နိုင်ငံခြားသင်္ဘောများဆိုက်ကပ် ရပ်နားကြောင်း သိရပြီး အနောက်နိုင်ငံများနဲ့ ကူးသန်းသွားလာ အဆက်အဆံရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ရခိုင်ရာဇ၀င်အရ ကျောက်တုံးကြီးများနဲ့ တည်ဆောက်ထားတာကြောင့် ဝေသာလီ ကျောက်လှေကားမြို့လို့ အမည်တွင်တဲ့ ဝေသာလီမြို့ဟာ အေဒီ ၉၅၇ တွင် ရှမ်းတို့ ၀င်ရောက် တိုက်ခိုက်သောကြောင့် ပျက်စီးရတယ် လို့ ဆိုပါတယ်။ ဝေသာလီမြို့ဟောင်းအနီးက ဝေသာလီ ဘုရားကြီးနားမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က တည်ဆောက်ခဲ့တဲ့ ကြီးမားလှတဲ့  ကျောက်တံခါးကြီးတွေ၊ ဝေသာလီ နတ်ရုပ်ကြီးတွေကို အံ့သြစဖွယ် တွေ့ရနိုင်ပါတယ်။ ဝေသာလီ ပျက်စီးပြီးနောက် ငမင်းငတုံး ခေါင်းဆောင်သော သက်လူမျိုးတို့ အင်အားကြီး ထွားလာပြီး အေဒီ ၇၉၄ တွင်နန်းဆက် ပြန်ထူထောင်ကာ မြို့တော်ကိုလည်း ဝေသာလီမှ စမ္ပ၀က်သို့ ပြောင်းရွှေ့ခဲ့ပြီး နောင်အခါ လေးမြို့ ခေတ်ဟု ထင်ရှားလာမည့်ခေတ် တစ်ခေတ် စတင်ခဲ့ပါတယ်။ လေးမြို့ခေတ်တွင် စမ္ပ၀က်မြို့ မှ စမ္ပာမြို့ ၊ ပရိန်မြို့ ၊ ခြိတ်မြို့ ၊ တောင်ငူရဉ္စရာ၊ လောင်းကြက် မြို့များသို့ အဆင့်ဆင့် ပြောင်းလဲ နန်းစိုက်ခဲ့ကြပြီး လောင်းကြက်မြို့တွင် နောက်ဆုံးမင်းမှာ အေဒီ ၁၄၀၄ တွင် နန်းစံ သည့် မင်းစောမွန် ဖြစ်ကြောင်း သိရပါတယ်။


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

လးမြို့ခေတ်ရဲ့ နောက်ဆုံးမြို့တော်ဟောင်းဖြစ်တဲ့ လောင်းကြက်မြို့ဟောင်းကတော့ မြောက်ဦးမြို့နဲ့ မဝေးလှတဲ့ အဉ္စနနဒီလို့ခေါ်တဲ့ လေးမြို့မြစ်ကမ်းဘေးမှာ တည်ရှိတယ်လို့ သိရပါတယ်။ မြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့် အချို့သော မြို့ဟောင်း နေရာများဟာ မြစ်ရေတိုက်စားခြင်း ခံလိုက်ရတယ်လို့လည်း သိရပါတယ်။ မြင်နေရတဲ့ မှိုင်းပျပျတောင်တန်းကြီးနားမှာ လေးမြို့ခေတ်မြို့ဟောင်းတည်ရှိတယ်လို့ ဆိုပေမဲ့ အဲဒီနေရာကို ကားနဲ့သွားလို့မရဘဲ ခြေလျှင်သာသွားလို့ရတယ်ဆိုတာကြောင့် အချိန်မရှိတော့တဲ့အတွက် အနီးကပ်မသွားခဲ့ရပါဘူး။ ဝေးဝေးကနေသာ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လောင်းကြက်မြို့တော်ကို စိုးစံတဲ့ မင်းစောမွန် နန်းတက်ပြီး (၂) နှစ်အကြာမှာ အင်းဝတိုရဲ့ ရန်ကို ထိတ်လန့်ရတာကြောင့် ထွက်ပြေး ပုန်းအောင်းနေခဲ့ရပြီး အေဒီ ၁၄၃၀ တွင် လောင်းကြက်ကို မင်းစောမွန် ပြန်လည်သိမ်းယူခဲ့ပါတယ်။ သို့သော်လည်း စစ်ဘေးဒဏ် မကြာခဏ ကျ သည့် လောင်းကြက်မြို့ကို စွန့်လွှတ်ကာ  မြို့တော်ကို လောင်းကြက်မြို့ကနေ ယခု နောက်ဆုံးမြို့တော်ဟောင်းဖြစ်လာမဲ့ မြောက်ဦးမြို့ နေရာကို အေဒီ ၁၄၃၀မှာ စတင် ပြောင်းရွေ့လာပြီး မြို့သစ် တည်ခဲ့ပါတယ်။

ရခိုင်တို့ရဲ့ တတိယခေတ်ဖြစ်တဲ့ လေးမြို့ခေတ်မှာ စိုးစံခဲ့တဲ့ နောက်ဆုံးမင်းဆက်ဖြစ်သူ မင်းစောမွန်က မြို့နာမည်ကို မြောက်ဦးလို့ အမည်တွင်စေခဲ့ပါတယ်။ မြောက်ဦးလို့ အမည်ခေါ်ဆိုတာနဲ့ပတ်သက်ပြီး ဘာကြောင့် မြောက်ဦးလို့ အမည်ပေးခေါ်ဝေါ်တယ်ဆိုတာ အမျိုးမျိုးသော ကွဲလွဲချက်တွေ ရှိတာကြောင့် မဖော်ပြတော့ပါဘူး။ မြောက်ဦးမြို့ဟာ ကစ္ဆပနဒီခေါ် ကုလားတန်မြစ်နဲ့ အဉ္စနနီ ခေါ် လေးမြို့မြစ် တို့ဆုံရာ အနီးမှာ တည်ရှိပြီး တောင်တန်းတွေ ပတ်ဝိုင်း ကာရံနေတဲ့မြို့ ဖြစ်ပါတယ်။ 


ယခုတွေ့မြင်ရမဲ့ နန်းမြို့ဟောင်းကြီးဟာ ရခိုင်မင်းဆက်ရဲ့ နောက်ဆုံးတည်ထားတဲ့သော မြောက်ဦး နန်းမြို့ဟောင်းကြီးဖြစ်ပါတယ်။ မန္တလေး နန်းမြို့ရိုးနဲ့ မတူ ကွဲပြားတဲ့အချက်က မြောက်ဦးနန်းတော်နဲ့ နန်းမြို့ရိုးတွေဟာ အုတ်နဲ့ ဆောက်တာ မဟုတ်ဘဲ သဲကျောက် အညိုတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အနီရဲရဲ နန်းမြို့ရိုးနဲ့မတူဘဲ တစ်မျိုးတစ်ဘာသာ ဖြစ်နေတဲ့ ရှေးဟောင်း နန်းမြို့ဟောင်းကြီးကို မြင်ရတာကိုက ရသတစ်မျိုးကို ခံစားနိုင်စွမ်းရှိပါတယ်။ မြောက်ဦး နန်းတော်ဟောင်းကို ရောက်တာနဲ့ စစချင်း မြင်လိုက်ရတာကတော့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားပြီး ကျယ်ဝန်း ခိုင်ခံ့လှတဲ့ နန်းမြို့ရိုးကြီးကို အံ့သြဖွယ် တွေ့မြင်ရပါတော့တယ်။ မြောက်ဦးမြို့ရဲ့ နန်းမြို့ရိုးက ကျောက်တုံးကြီးတွေ၊ ကျောက်လှေခါးထစ်ကြီးတွေလည်း ကြီးမားလှတဲ့ ကျောက်တုံးကြီးတွေနဲ့ တည်ဆောက်ထားတာကို ကြည့်ခြင်းအားဖြင့် ရှေးခေတ်လူတွေရဲ့ ခွန်အားနဲ့ လုံ့လကြီးမားပုံတွေကို မှန်းဆကြည့်နိုင်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


မြောက်ဦးနန်းတော်ဟာ စတုရန်းမိုင် ၁.၂မိုင်ကျယ်ဝန်းပြီး အမြင့်ပေ ၅၀ ခန့်ရှိပြီး ကျောက်တံတိုင်း သုံးထပ် ကာရံထားပါတယ်။ အပြင်ဘက်ဆုံး တံတိုင်းဟာ တောင်မှ မြောက်သို့ ပေ ၁၆၀၆ပေ၊၊ အရှေ့မှ အနောက်သို့ ပေ ၁၇၄၀ ရှည်လျားပြီး ၂၅ပေမြင့်ကြောင်း သိရပါတယ်။ ဒုတိယတံတိုင်းမှာ တောင်မြောက် ပေ ၈၀၀ အရှေ့အနောက် ပေ ၁၀၀၀ ရှိပြီး အတွင်းအကျဆုံးတံတိုင်းမှာ စတုရန်းပုံဖြစ်ပြီး တစ်ဖက်လျှင် ပေ ၆၀၀ခန့် ရှည်လျားပါတယ်။ နန်းမြို့ရိုး သုံးထပ်စလုံးကို အုတ်မသုံးဘဲ ၂ပေမှ ၃ပေခန့်ကြီးမားတဲ့ သဲကျောက်အညိုရောင်များကို သုံးထားတာ တွေ့ရပါတယ်။ အချို့နေရာများမှာ ၆ပေခန့်ကြီးများတဲ့ ကျောက်တုံးကြီးများကိုပင် တွေ့ရပါတယ်။ နန်းတော်ကြီးထဲမှာ ရွှေနန်းကိုးဆောင်၊ မြေနန်းဆောင်များ၊ ပရိတ်ဆောင်၊ မှန်နန်းဆောင်၊ နိဗ္ဗာန်ဆောင်၊ ဗြဲတိုက်ဆောင်၊ မြောက်စမုတ်ဆောင်၊ တောင်စမုတ်ဆောင်၊ ပွဲတော်ဆောင်၊ လွှတ်တော်ရုံးများ၊ ဘိသိက်သွန်းသည့် ရေကြည်တော်များရှိရာ နံ့သာကန်၊ ဗဟိုရ်စည်တော်၊ နက္ခတ်ရုံ၊ ပန်းခုံတော်၊ လက်နက်တော်တိုက် စသည်တို့နဲ့ ဖွဲ့စည်းထားခဲ့တယ်လို့သိရပါတယ်။ အရှေ့ဖက်တွင် သစ်မွှေးဖြင့် ဆောက်လုပ်ခဲ့သော စန္ဒကူးဆောင်တော်လည်း ရှိခဲ့ပြီး မြောက်ဖက်မှာ ဆင်ဖြူတော်ကုန်းနဲ့ မိဖုရားတို့ရဲ့ အဆောင်တော်များ တည်ရှိပြီး နန်းတော်ရဲ့ တောင်ဘက်မှာတော့ လှေတော်များဆိုက်ကပ်ရပ်နားရာ သိင်္ဂနဒီချောင်းရှိခဲ့ပါတယ်။  ရှေးရခိုင်ခေတ်မှာ ဆင်တပ်၊မြင်းတပ်များလည်း ရှိခဲ့ပြီး မြစ်ချောင်း ပေါများလှတာကြောင့် လှေကိုလည်း အများဆုံး အသုံးပြုခဲ့ကြဟန် ရှိပါတယ်။

တန်ခိုးထိန်တောက် ဘုန်းလျှံမှောက်ခဲ့စဉ်က မြောက်ဦးနန်းတော်ကို ပုံဖော်ရမည်ဆိုပါက ရတနာနန်းဆောင်တော်ကို နံရံကို ရွှေပြားများနဲ့တန်ဆာဆင်ထားပြီး မျက်နှာကျက်ပေါ်မှာ ရွှေနွယ်ပင်များ၊ ရွှေဘူးသီး၊ ရွှေဖရုံသီးများ ဖူးပွင့်နေဟန်ကို ရွှေစင်ရွှေသားများနဲ့ ပုံဖော်ထားခဲ့ပြီး အသီးအရွက်များကို ရတနာစိန်ကျောက်များဖြင့် စီခြယ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဆောင်တော်တွင်း မှာလည်းသာမန်လူတစ်ယောက် အရွယ်အစားအတိုင်း  ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ ရွှေရုပ်နှစ်ရုပ် ရှိခဲ့ကြောင်းဆိုပါတယ်။ နန်းတော်အိုးခေါင်စွန်းများတွင် မကန်းကွက်၊ ကြာမုံ၊ ကြာချပ်၊ ကိန္ဒရာ၊ နတ်သားရုပ်များ ၊ ဥဒေါင်းရုပ်များ၊ ဆည်းလည်းများ၊ ခြူးပန်းနွယ်များ၊ စိန်ပန်းများ၊ ကျေးငှက်သာရကာ ပျော်မြူးနေကြဟန် လက်ရာများ ရှိခဲ့ကြောင်းကို ရခိုင်စာဆိုများ ဖွဲ့ဆိုခဲ့သော ပိုဒ်စုံရတုတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အေဒီ ၁၅၁၅ခုမှ စကာ ပေါ်တူဂီတို့နှင့် ကုန်သွယ်ရေကြောင်း အဆက်အသွယ်များ ရှိလာခဲ့ရာ ရခိုင်နန်းတော်ကြီးကို ရောက်ခဲ့ဖူးသည့် ပေါ်တူဂီဘုန်းတော်ကြီး မန်နရိတ်ကလည်း ရခိုင်ဘုရင်တို့ရဲ့ ရွှေနန်းတော်ခေါင်စွန်းကြီး ငါးစွန်းဟာ မိုးသို့ထိုးထွက်လျှက်ရှိနေပြီး ဖြောင့်တန်းရှည်လျားသည့် နန်းတော်ကြီးတွင် ရွှေရောင်နောက်ခံနှင့် ဟင်္သာပြဒါးအနီရောင်များ ခြယ်သထားသည်။ အမိုးကိုလည်း အရောင်များ ဝင်းလက်တောက်ပနေသည့် ရွှေပြားကြီးများဖြင့် မိုးထားပြီး နေရောင်အောက်မှာ ဖြိုးဖြိုးပြက်ပြက် ဝင်းလက် တောက်ပနေသည်ဟု သူ၏ မှတ်တမ်းတွင် ဖော်ပြခဲ့သည် ဆိုပါသည်။ ပေါ်တူဂီတို့နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ပြီး ပေါ်တူဂီတို့ဟာ မြို့ပြတည်ဆောက်ရေးနဲ့ စစ်ရေးများကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ရခိုင်ရေတပ်ကြီးသည် ဘင်္ဂလားပင်လယ်အော်တွင် ခေတ်မီရေတပ်ကြီး ဖြစ်ခဲ့ကြောင်း သိရပြီး ဘင်္ဂလားနယ်များကိုပင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရခိုင်ဘုရင်တို့ရဲ့ စစ်တပ်အတွင်းမှာပါ ပေါ်တူဂီစစ်သားများ ရှိခဲ့တယ်လို့ သိရပါတယ်။ ထို့နောက်တွင် ဒတ်ခ်ျလူမျိုးတို့နဲ့ပါ အဆက်အသွယ်များ ရှိလာခဲ့ပြီး ကုန်သွယ်ကူးသန်းလာခဲ့ကြပါတယ်။ 


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
တံတိုင်း သုံးခုကျော်ဖြတ်ပြီး နန်းတော်ကုန်းအပေါ်ကို တက်ရောက်ကြည့်ရှုတဲ့အခါမှာ အဆောင်ဆောင်အခန်းခန်း ဖွဲ့စည်းတည်ရှိခဲ့တဲ့ ခန်းဆောင်များရဲ့ နေရာဟောင်းများကို ကြီးကျယ်ခမ်းနားစွာ တွေ့မြင်နိုင်ပါတယ်။ အေဒီ ၁၄၃၀မှ ၁၇၈၄ထိ  မြောက်ဦးမြို့ကို စိုးစံခဲ့ကြတဲ့ မြောက်ဦးခေတ် ဘုရင်နန်းဆက်ဟာ ပထမမြောက်ဦးခေတ်မှာ မင်းဆက်၁၂ဆက်၊ ဒုတိယမြောက်ဦးခေတ်မှာ မင်းဆက် မင်းဆက် ၉ဆက်၊ တတိယမြောက်ဦးခေတ်မှာ မင်းဆက်ပေါင်း ၂၈ ဆက်ရှိတယ်လို့ ရခိုင်ရာဇဝင်များက ပြဆိုကြပါတယ်။ ၄င်းမင်းဆက်များထဲမှာ ဘုန်းလက်ရုံးနဲ့ ပြည့်စုံတဲ့ မင်းများ ပါဝင်ခဲ့ပြီး ရခိုင်ပြည်ကြီးကိုလည်း ကြီးကျယ် စည်ကားအောင် ကြံဆောင်နိုင်ခဲ့သလို ဘင်္ဂလား စစ်တကောင်းမြို့များကိုပါ အောင်နိုင်ခဲ့သူများ ပါဝင်ခဲ့ပါတယ်။  ဘင်္ဂေါ ၁၂ နယ် အထိ သိမ်းပိုက် အုပ် ချုပ် နိုင်ခဲ့ရာ စစ်တကောင်းဟာ ၁၆၆၆ ခုနှစ်တွင် မဂိုတို့ မသိမ်းပိုက်မီ ကာလအထိ ရခိုင်ဘုရင်များ ပိုင်နက်ထဲတွင် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ထို့ပြင် အနုပညာ၊ သမိုင်းလက်ရာ တန်ဖိုးများ ကြီးများလှတဲ့ ကိုးသောင်းဘုရား၊ ရှစ်သောင်းဘုရား (သျှစ်သောင်း)စတဲ့ စေတီပုထိုးကြီးများနဲ့ ဘုရားပေါင်းများစွာ တို့ကိုလည်း တည်ထားနိုင်ခဲ့ပါတယ်။ ရခိုင် မြောက်ဦးမြို့ရဲ့ နောက်ဆုံးမင်း ဖြစ်သူ   အေဒီ ၁၇၈၄ ခု၊ မဟာသမ္မတရာဇာမင်း လက်ထက်မှာ အမရပူရမြို့ နန်းစံ ဘိုးတော် ဗဒုံမင်းက လာရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက်မှာ မြောက်ဦးနန်းဆက် ပျောက်ကွယ်သွားခဲ့ရပါတယ်။ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


မြို့ရိုးရဲ့ တစ်ဖက်မှာ ခုလို အပေါက်လေး တွေ့ခဲ့ရပါတယ်။ ဒီအပေါက်လေးဟာ နန်းတော်ကြီးရဲ့ အရေးပေါ်ထွက်ပေါက် သို့မဟုတ်လျှို့ဝှက်တံခါးပေါက်များ ဖြစ်လေမလားလို့ မှန်းဆကြည့်မိပါတယ်။

နန်းတော်ကုန်းပေါ်ကနေ မျှော်ကြည့်ရင် တောင်တန်းတောင်ကုန်းများပေါ်မှာ တည်ထားတဲ့ စေတီပုထိုး အမျိုးမျိုးကို စိတ်ကြည်နူးဖွယ် ဖူးတွေ့ရတာကလည်း ကြည်နူးစရာ လွမ်းဆွတ်စရာဖြစ်ပါတယ်။ နန်းတော်ကုန်းပေါ်က  ရတနာခန်းမဆောင်ရှိခဲ့ဖူးတဲ့ နေရာပေါ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ရှေးဟောင်း သုတေသနပြတိုက် တည်ရှိတာမို့ ပြတိုက်ထဲမှာပြသထားတဲ့ ရခိုင်ရှေးယဉ်ကျေးမှု လက်ရာများကို ဆက်လက် လေ့လာနိုင်ပါသေးတယ်။ ပြတိုက်ထဲမှာ တွေ့မြင်လေ့လာနိုင်တာကတော့ ရှေးရခိုင်တို့ရဲ့ ကျောက်ဆစ်လက်ရာ၊ မြောက်ဦးခေတ်လက်ရာ ကြွေထည်များ၊ ရှေးခေတ် အမြောက်များ၊ ရှေးခေတ် တူရိယာပစ္စည်းများ၊ ရှေးခေတ်စဉ့်ရည်သုတ်အိုးများ၊ ဝေသာလီခေတ်။ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဆင်းတုတော်များ၊ ရှေးရခိုင်ဒင်္ဂါးများ၊ အုတ်ခွက်ဘုရားများ၊ စသည့် ရှေးဟောင်းလက်ရာများကို လေ့လာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြတိုက် အတွင်းထဲကိုတော့ ဓာတ်ပုံရိုက်ခွင့် မပြုတာကြောင့် ဓာတ်ပုံများမရိုက်ဖြစ်ခဲ့ပါ။ 

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

သုတေသနပြတိုက်ရဲ့ အရှေ့မျက်နှာစာပေါ်က ဆိုင်းဘုဒ်မှာတော့ 

စစ်မှန်သော မျိုးချစ်စိတ်ဓာတ်

  • ပြည်ထောင်စု၏ မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ ခိုင်မြဲသည့် ပြည်ထောင်စုစိတ်ဓာတ် ထားရှိမွေးမြူသွားကြရန်အလွန်အရေးကြီးသည်။ 
  • ပြည်ထောင်စုစိတ်ဓာတ်သည်သာလျှင် တိုင်းရင်းသားအားလုံး ထာဝစဉ် ထိမ်းသိမ်းစောင့်ရှောက်သွားရမည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည်ဆိုတဲ့ စာသားလေး ရှိပါတယ်။ 


Image Hosted by PicturePush - Photo Sharing
ဟရီတောင်ဘုရား 
နန်းတော်ဝင်းနှင့် ကပ်လျှက် ပေ ၇၀ခန့်မြင့်သော တောင်ကုန်းပေါ်တွင် တည်ရှိပါတယ်။ ဓညဝတီခေတ် ဘုရင် သူရိယစက္က မင်းကြီး စတင်တည်ထားခဲ့ပြီး ရခိုင်ဘုရင်အဆက်ဆက် ပြုပြင်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်၏ အရေပြားတော်ဓာတ်ကို ဌာပနာထားတာကြောင့် အရီတော်စေတီဟု ခေါ်ဆိုကြရမှ ဟရီဘုရား ဟု အမည်တွင်လာတယ်လို့ ဆိုပါတယ်။ ညနေစောင်းလျှင် မြောက်ဦးမြို့ရဲ့ ညနေခင်း ဆည်းဆာနေဝင်ချိန်ကို  နိုင်ငံခြားသားများ တက်ရောက်ကြည့်ရှုကြသည့်  နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 
Image Hosted by PicturePush - Photo Sharing
ဟရီဘုရားတောင်မှ မြင်တွေ့ရသည့် အဆောင်ဆောင် အခန်းခန်းများဖြင့့် လေးထောင့်ကျကျ  မြောက်ဦးနန်းတော်ဟောင်း
Image Hosted by PicturePush - Photo Sharing
နေဝင်ချိန်ကို စောင့်ကြည့်နေကြတဲ့ နိုင်ငံခြားသားတစ်စု

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
ဟရီတောင်ပေါ်မှ မြင်တွေ့ရတဲ့ အနောက်အရပ်က ဆည်းဆာ

Image Hosted by PicturePush - Photo Sharing
ဟရီတောင်ပေါ်မှ မြင်တွေ့ရတဲ့ အရှေ့ဖက်မြင်ကွင်းက ရွှေတောင်ဘုရားနဲ့  တောင်ပေါ်များဆီက စေတီပုထိုးများ 
Image Hosted by PicturePush - Photo Sharing

နန်းတော်ကုန်းပေါ်ကနေ ဖူးမြင်ရတဲ့ ရွှေတောင်ဘုရား

မြောက်ဦးမြို့မှာတော့ အမြင့်ဆုံးတောင်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။  မြောက်ဦးမြို့တည် ဘုရင်မင်းစောမွန်က ၁၄၃၀ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ရှေးဟောင်းမြေကတုတ်ကျင်းများကို တွေ့နိုင်ပြီး ၄င်းရွှေတောင်အနီးမှာ ပုဏ္ဍားတောင်ခံတပ်နှင့် မြတောင်ခံတပ်များရှိပြီး အင်္ဂလိပ်တို့ကို ၄င်းနေရာများမှ ခုခံတိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့ဟာ ဘုရားစေတီ ပုထိုးများ ပေါများလှပြီး ဘာသာ သာသနာ ထွန်းပြောင်ခဲ့တဲ့ နေရာဖြစ်ပါတယ်။ ရခိုင်သမိုင်းကြောင်းဟာ ရှည်လျားလှတဲ့အပြင် မြို့ပြနိုင်ငံများ၊ ယဉ်ကျေးမှု အနုပညာများ အလွန် စောစီးစွာ ပေါ်ပေါက်လာတာမို့ နှောင်းခေတ်လူများအနေနဲ့ ရှေးခေတ် ယဉ်ကျေးမှု အနုပညာလက်ရာမများကို လေ့လာစရာ ပေါများလှတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ သမိုင်းဝင် နေရာများစွာနဲ့ ခံတပ်များ၊ ရေကန်များ၊ နန်းမြို့ရိုးများ၊ ရှေးဟောင်း အနုပညာ လက်ရာများ၊ စေတီဘုရားများ တည်ရှိဆဲ ဖြစ်တာကြောင့် ရှေးဟောင်းအနုပညာကို လေ့လာလိုကြတဲ့ နိုင်ငံခြားသားများလည်း အကြိုက်တွေ့တဲ့နေရာ တစ်ခုဖြစ်ပါတယ်။ နောက်ပိုစ့်တွေမှာ မြောက်ဦးမြို့ရဲ့ သာယာလှပတဲ့ ရှုခင်းများနဲ့ စေတီပုထိုးကြီးများအကြောင်း ဆက်လက်ဖော်ပြပါဦးမယ်ရှင်.. အခုပိုစ့်ထဲမှာ အချက်အလက်များ လွဲချော်၊ မှားယွင်းတာမျိုး ရှိခဲ့ပါက ကျွန်မရဲ့ ချို့ယွင်းအားနည်းချက်သာ ဖြစ်ပါကြောင်းနဲ့ အချိန်တိုတွင်းမှာ ရောက်ခဲ့ရတာကြောင့် အမှားများကို ခွင့်လွှတ်ပေးကြဖို့ ပန်ကြားလိုပါတယ်။

အားလုံးအတွက် ကြည်လင်သာယာသော နေ့များဖြစ်ပါစေ.. 

ကိုးကား စာတမ်း၊ စာအုပ်များ။     ။ မျှားအောင်၏ သမိုင်းထဲမှ မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်
                               မင်းပြားသိန်းဇံ၏ ရခိုင်ညွှန့်ဖူး မြို့မြောက်ဦး၏ သုတရတနာများ
                               ၂၀၁၁ ဒီဇင်ဘာထုတ် ရခိုင်မဂ္ဂဇင်း
                                 ဦးမြင့်သိန်း( ညွှန်ကြားရေးမှူး ၊ သမိုင်းသုတေသနဦးစီးဌာန)
                               ၂၀၀၉ ခုနှစ် ၊ မတ်လ ၉ရက် ( မျက်မှောက်ခေတ်နိုင်ငံတကာ ဆက်ဆံရေးနှင့် မြန်မာနိုင်ငံသုတေသနစာတမ်းဖတ်ပွဲ )