ခိုင်လင်းစံ (Arakan Review)၊ ဇန်နဝါရီလ (၂၃) ရက်၊ ၂၀၁၃ ခုနှစ်။
------------------------------ ------------------------------ ------
ရခိုင်ပြည်၊ သံတွဲမြို့နှင့် ရန်ကုန်သို့ ပြေးဆွဲနေသော အောင်သစ္စာ အမြန်ယဉ်မှာ ယနေ့နံနက် အရုဏ်ပိုင်းအချိန်တွင် ရခိုင်ရိုးမ တောင်တန်းကို ဖြတ်ကျော်နေစဉ် လမ်းလျှော်ကာ ချောက်ထဲသို့ ထိုးကျသွားကြောင်း သတင်းရရှိသည်။
အဆိုပါကားမှာ ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ရခိုင်ရိုးမတောင်တန်းရှိ မိုင်တိုင်အမှတ် (၇၁/၄) နေရာ နေပူတောင်မှ အဆင်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူ (၁၃) ဦးရှိပြီး၊ ထိခိုက်ဒါဏ်ရာရသူ အများအပြားရှိကာ လက်ရှိအချိန်တွင် တောင်ကုတ်ဆေးရုံသို့ ဒါဏ်ရာရလူနာ (၂၄) ဦး ရောက်ရှိနေကြောင်းပြီး ကျိုးပဲ့သူများနှင့် ဒါဏ်ရာပြင်းထန်သူများအား သံတွဲဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
“ကားမှောက်တာက အချိန်ကို အတိကျ မသိရသေးပါဘူး။ အချိန်က နှစ်ခုသုံးခုဖြစ်နေတယ်။ အရုဏ်ပိုင်းမှာ ဖြစ်တာတော့ သေချာပါတယ်။ မိုင်တိုင်အမှတ် (၇၁) (၄) ဖါလုံမှာ ချောက်ထဲကို ထိုးကျသွားတာဖြစ်ပါတယ်။ ကားက အောင်သစ္စာ အမြန်ယဉ်ဖြစ်ပါတယ်။ သေဆုံးသူက (၁၃) ဦးရှိပြီးတော့ ဒါဏ်ရာရသူက (၂၄) ဦးရှိပါတယ်။ အခု အဲဒီဒါဏ်ရာရသူတွေကို သံတွဲဆေးရုံကို ပို့ဖို့လုပ်နေပါပြီ။”ဟု ကိုသန်းလှိုင်က Arakan Review သို့ပြောသည်။
အောင်သစ္စာကားမှာ ရခိုင်ပြည် နေရာအနှံတွင် ပြေးဆွဲလျှက်ရှိပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်လာသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယခုကဲ့သို့ဖြစ်ရခြင်းမှာ လမ်းများပျက်စီးနေပြီး ပြုပြင်ခြင်းမရှိသည့်အပြင် လမ်းမှာ အဝေးပြေးလမ်းမနှင့်မတူဘဲ ကျဉ်းမြောင်းခြင်း၊ စနစ်တကျမရှိခြင်းတို့ကြောင့် လေအိတ်ကားများ သွားလာရန် အဆင်မပြေသည့်အတွက်ဖြစ်ကာ လွန်ခဲ့သည့် (၂၀၀၈-၀၉) ခုနှစ်များကလည်း ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမတွင် ယင်းသို့လမ်းပျက်ခြင်း၊ လမ်းဖေါက်လုပ်မှု မကောင်းခြင်းတို့ကြောင့် လမ်းလျှော် တိမ်းမှောက်ခဲ့သည့်အကြိမ်ပေါင်း (၈) ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့ကြောင်း မှတ်တမ်းများအရ တွေ့ရှိရသည်။
နောက်ဆုံးရ သတင်းများအရ ဒဏ်ရာရရှိသူ လူနာ (၃၃) ဦး၊ ဒဏ်ရာပြင်းထန်သည့် ဘုန်းတော်ကြီး (၂) ပါးနှင့် အမျိုးသား (၆) ဦး မှာ သံတွဲဆေးရုံကို ရောက်ရှိနေပြီး ဒရိုင်ဘာ သိန်းနိုင်မှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး အကူယဉ်မောင်း ဇော်မင်းနိုင်မှာ ပွဲချင်းပြီး သေဆုံးကြောင်း တောင်ကုတ်မြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းအခြေစိုက် Eleven သတင်းတွင် ဖော်ပြထားသည်။
------------------------------
ရခိုင်ပြည်၊ သံတွဲမြို့နှင့် ရန်ကုန်သို့ ပြေးဆွဲနေသော အောင်သစ္စာ အမြန်ယဉ်မှာ ယနေ့နံနက် အရုဏ်ပိုင်းအချိန်တွင် ရခိုင်ရိုးမ တောင်တန်းကို ဖြတ်ကျော်နေစဉ် လမ်းလျှော်ကာ ချောက်ထဲသို့ ထိုးကျသွားကြောင်း သတင်းရရှိသည်။
အဆိုပါကားမှာ ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ရခိုင်ရိုးမတောင်တန်းရှိ မိုင်တိုင်အမှတ် (၇၁/၄) နေရာ နေပူတောင်မှ အဆင်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူ (၁၃) ဦးရှိပြီး၊ ထိခိုက်ဒါဏ်ရာရသူ အများအပြားရှိကာ လက်ရှိအချိန်တွင် တောင်ကုတ်ဆေးရုံသို့ ဒါဏ်ရာရလူနာ (၂၄) ဦး ရောက်ရှိနေကြောင်းပြီး ကျိုးပဲ့သူများနှင့် ဒါဏ်ရာပြင်းထန်သူများအား သံတွဲဆေးရုံသို့ အရေးပေါ် ပို့ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။
“ကားမှောက်တာက အချိန်ကို အတိကျ မသိရသေးပါဘူး။ အချိန်က နှစ်ခုသုံးခုဖြစ်နေတယ်။ အရုဏ်ပိုင်းမှာ ဖြစ်တာတော့ သေချာပါတယ်။ မိုင်တိုင်အမှတ် (၇၁) (၄) ဖါလုံမှာ ချောက်ထဲကို ထိုးကျသွားတာဖြစ်ပါတယ်။ ကားက အောင်သစ္စာ အမြန်ယဉ်ဖြစ်ပါတယ်။ သေဆုံးသူက (၁၃) ဦးရှိပြီးတော့ ဒါဏ်ရာရသူက (၂၄) ဦးရှိပါတယ်။ အခု အဲဒီဒါဏ်ရာရသူတွေကို သံတွဲဆေးရုံကို ပို့ဖို့လုပ်နေပါပြီ။”ဟု ကိုသန်းလှိုင်က Arakan Review သို့ပြောသည်။
အောင်သစ္စာကားမှာ ရခိုင်ပြည် နေရာအနှံတွင် ပြေးဆွဲလျှက်ရှိပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းကို လုပ်ကိုင်လာသည်မှာ ကြာမြင့်ပြီဖြစ်ပြီး ယခုကဲ့သို့ဖြစ်ရခြင်းမှာ လမ်းများပျက်စီးနေပြီး ပြုပြင်ခြင်းမရှိသည့်အပြင် လမ်းမှာ အဝေးပြေးလမ်းမနှင့်မတူဘဲ ကျဉ်းမြောင်းခြင်း၊ စနစ်တကျမရှိခြင်းတို့ကြောင့် လေအိတ်ကားများ သွားလာရန် အဆင်မပြေသည့်အတွက်ဖြစ်ကာ လွန်ခဲ့သည့် (၂၀၀၈-၀၉) ခုနှစ်များကလည်း ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းမတွင် ယင်းသို့လမ်းပျက်ခြင်း၊ လမ်းဖေါက်လုပ်မှု မကောင်းခြင်းတို့ကြောင့် လမ်းလျှော် တိမ်းမှောက်ခဲ့သည့်အကြိမ်ပေါင်း
နောက်ဆုံးရ သတင်းများအရ ဒဏ်ရာရရှိသူ လူနာ (၃၃) ဦး၊ ဒဏ်ရာပြင်းထန်သည့် ဘုန်းတော်ကြီး (၂) ပါးနှင့် အမျိုးသား (၆) ဦး မှာ သံတွဲဆေးရုံကို ရောက်ရှိနေပြီး ဒရိုင်ဘာ သိန်းနိုင်မှာ ဒဏ်ရာအပြင်းအထန် ရရှိပြီး အကူယဉ်မောင်း ဇော်မင်းနိုင်မှာ ပွဲချင်းပြီး သေဆုံးကြောင်း တောင်ကုတ်မြို့နယ် ရဲစခန်းတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းအခြေစိုက် Eleven သတင်းတွင် ဖော်ပြထားသည်။
No comments:
Post a Comment