‘ရိုးရိုးဘလော့ဂ်လုပ်ရင် မေးလ်တွေပို့ပြီး ဆက်သွယ်နေဦးမယ်၊ ကိုယ်က လုံးဝမဆက်သွယ် ချင်တော့တဲ့ လူဆိုရင် ဘလော့ဂ်လုပ်တာထက် ဒီနည်းက ပိုကောင်းတယ်’လို့ ဧဒင်ဥယျာဉ် မြန်မာ ဆိုရှယ်ဆိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောတယ်။
(၁) ဂျီမေးလ်ကို ဖွင့်ထားပါ၊ (၂) မေးလ်ရဲ့ဘေးက Contact ကိုသွားပါ၊ အဲဒီမှာ ကိုယ့် ဂျီမေးလ်ထဲမှာရှိတဲ့ လူတွေအားလုံး ပေါ်လာပါမယ်။ (၃) ကိုယ်ဖျက်ချင်တဲ့သူကို ရွေးပါ၊ (၄) ပြီးရင် delete contact ကိုနှိပ်ပါ။ အဲဒါဆိုရင် သည်လူက ကိုယ့်စာရင်းထဲမှာ မရှိတော့ဘူး။ ဒါပေမယ့် ဒါနဲ့တင်မရသေးဘူး။ စာတွေဘာတွေ ပို့လို့ရသေးတယ်။ အဲသည်တော့ မေးလ် ကို filter လုပ်ရပါမယ်။
အင်ဘောက်စ်ထဲမှာ ရောက်နေတဲ့ ကိုယ်လက်မခံချင်တဲ့သူရဲ့ စာကိုဖွင့်၊ ပြီးရင်စာရဲ့ ညာ ဘက်ထောင့် အပေါ်ဘက်က reply ကိုရှာ။ ပြီးရင် ဘေးက မြားလေးကိုနှိပ်၊ ကျလာတဲ့ box ထဲက filter message like this ကိုရွေးပါ။ Next step ကိုရွေးပါ။ နောက် ကိုယ်လက်မခံ ချင်တဲ့ အီးမေးလ် နောက်ထပ်လာခဲ့ရင် အလိုအလျောက် delete ဖြစ်သွားအောင် delete it box ကိုရွေးပါ။ ပြီးရင် နောက်ဆုံးအဆင့် create filter ကိုနှိပ်ပါ။ ဒါဆိုရင်တော့ ကိုယ်မလို ချင်တဲ့ မေးလ်တွေကိုပါ ဖျက်ပစ်ပေးမှာဖြစ်ပါတယ်။
No comments:
Post a Comment