Sunday, 21 April 2013
Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ
အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။
ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ “ဆေး” စွဲနေသူများက ပိုခံရပါလိမ့်မယ်။
Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။
နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)
အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။
နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)
အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ “I can’t identify my account” အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။
မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။
ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။
မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -
- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။
Friday, 12 April 2013
ကွန်ပျုတာ ၀ယ်ယူဖို့  အကာင်းဆုံး တစ်ခုကို ရွေးချယ်တော့မယ်ဆိုရင်
မေးထဲကနေ မေးလာတဲ့ မေးခွန်းတစ်ခုကို ဖြေရင်း ဗဟုသုတ ပြန်တင်လိုက်ရပါတယ်
ကွန်ပျုတာ ၀ယ်ဖို့ အတွက် ဘယ်ဟာအကာင်းဆုံးလဲ သိပါရစေတဲ့ သူမေးတာတွေက
Graphics Card အတွက် ဘယ်အမျိုးစား ကောင်းသလဲ..? ။ အခု 2012 အထိ အသုံး
ပြုမှု အများဆုံး Graphics card 10 ကို ဖော်ပြပေးလိုက်ပါတယ်........................။
(1) AMD Radeon HD 6990
(2) Nvidia GeForce GTX 590
(3) ATI Radeon HD 5970
(4) Nvidia GeForce GTX 580
(5) AMD Radeon HD 6970
(6) Nvidia GeForce GTX 480
(7) ATI Radeon HD 5870
(8) Nvidia GeForce GTX 470
(9) ATI Radeon HD 5850
(10) Nvidia GeForce GTX 285
အကောင်းဆုံး ကွန်ပျုတာရယ်လို့  ပြောရအတော်ခက်တယ် နည်းပညာတိုးတက်လို့ 
ဒီဟာအကောင်းဆိုပြီး ၀ယ်လိုက်။ နောက်ထပ် အဲ့ထက်ကောင်းတာပေါ်လာပြန်ရော
မေးတဲ့သူက Game အတွက် လိုချင်တာဆိုတော့ ကောင်းတာကိုပဲ ရွေးပေးလိုက်၏
Window Window 7 Home Premium 64 bit
Video Card Dual NVIDIA GeForce GTX 580
Core Clock 1544MHz
Video Memory 6GB
Audio 7.1 HD Surround Sound
Sound 7.1 HD Surround Sound
Processor Type Intel Core i7-980X
CPU Speed 3.33GHz
Cores 6
Threads 12
RAM 12GB DDR3
Primary Storage 80GB SSD
Secondary Storage 1TB HDD
Motherboard MSI X58A-GD45 X58
အကောင်းဆုံး ဆိုပေမယ့်လည်း Window 7 Home Premium က သုံးတဲ့ အခါမှာ
Group Policy Editor ကို ၀င်လို့ မရဘူးလို့  တွေ့ နေရတယ် ။ 64 bit ဟာလည်း 32
ထက်ကောင်းတယ်ဆိုပေမယ့် ဆော့ဝဲတွေ အင်စတောလုပ်တဲ့အခါမှာ အခက်ခဲ အချို့ 
ရှိတယ် အရင်ဆော့ဝဲအများစုက 32 bit အတွက် ဆိုတော့ Zaw gyi ထည့်တာကအစ
64 bit က အနည်းငယ် အလုပ်ပိုတယ် ။ဒါပေမယ့် ကွန်ပျုတာ လုံခြုံ မှု နည်းလမ်းအရ
64 bit က ဟက်ကာတွေ ၀င်ရောက်ထိုးဖောက်ဖို့  မလွယ်ဘူးရယ်လို့  မန်နေဂျာ
ကျနော်ဆရာ ကိုဝတုတ် ထံမှ ဗဟုသုတများကို မျှဝေလိုက်ပါ၏ ။မသိရင် အလုပ်မှာ
မန်နေဂျာကို မေးပါတယ် ။သူက အကုန်ရှင်းပြ၏ ။သရက်သီးနဲ့ ဆား ဘက်ကျနေတာ
အလုပ်မလုပ်ပဲ ကွန်ပျုတာတွေအကြောင်း ဆွေးနွေး လေကန်နေကြတာ ။ ဒါပေမယ့်
သူများ မသိတော့ ကိုယ့်ကိုမေးတယ် ကိုယ်မသိတော့ မန်နေဂျာ မေးကြည့်ရတာပေါ့
တရုတ်နှစ်ကူး ပိတ်တုန်းက ကလန်တန်ပြည်နယ်သွားချင်တာ ခရီးစဉ် လမ်းညွှန်ပါဦး
ဆိုတော့ Googel Earth နဲ့  သေသေချာ ရှင်းပြပေးတာ အခုလည်း ကျနော်မေးတာ
ကို သူကရှင်းပြတယ် အဲ့တာကိုမှ မေးတဲ့သူဆီလည်း ပြန်စာရေးရင်း ဘလော့ပေါ်မှာ
အမှတ်တရ တင်ပေးထားလိုက်ပါကြောင်း................................................။
Orginal Ref link: http://computers.toptenreviews.com/gaming/
ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင်ဒီစာလေးဖတ်စေချင်တယ်
အခြေခံပညာသင်တွေကွန်ပျူတာဝယ်ရင်ဘာဝယ်လို့ ဝယ်ရမှန်းဘာကြည့်လို့ ကြည့်ရ
မှန်းမသိတဲ့လုံးဝသုညသမားများအတွက်ရည်ရွယ်ပြီှးဗဟုသုတရစေချင်းအလို့ ငှာရေး
တယ်အခြေခံကတော့ဒီစာဖတ်ပြီးရင်ရမှာပါပထမအနေနဲ့ ကတော့.....။
(၁)ကိုယ်ဝယ်မယ့်ကွန်ပျူတာBrand ပေါ့ Dell လား Acer လား Compaq ,Sony,
Toshiba,Lenovo အများကြီး၇ှိပါသေးတယ်အများသုံးတစ်ခုကတော့ Acerပေါ့
MSI လည်းမဆိုးဘူးDell ကတော့ဈေးနဲနဲပိုမယ်ကောင်းတဲ့တံဆိတ်ယူရင်ဈေးပို
ပေးရမယ်အဲ့ဒါပထမအခြေခံအကြောင်းပေါ့အဲ့ပေါ်မှာမူတည်ပြီးဈေးတွေကွာ
နိုင်ပါတယ်...။
(၂)နောက်တစ်ခုကတော့ကိုယ်လိုချင်တဲ့ System ပေါ့လူတိုင်းကတော့မြန်တာကို
ပဲလိုချင်ကြတာလေကွန်ပျူတာကိုအရမ်းသွက်စေချင်တာ Copy ကူးရင်လည်းမြန်
ချင်ကြတာဖိုင်တွေဖွင့်ရင်လည်းLoading မကြာစေပဲချက်ချင်းပွင့်ချင်ကြတာပါဒါပေ
မယ့်ကွန်ပျူတာနှေးတာမြန်တာကSystemကောင်းတာပေါ်မှာပဲလုံးဝမူတည်နေ
တာမဟုတ်ပါဘူးပြုပြင်ထိန်းသိမ်းမှုမတတ်ရင်ကွန်ပျူတာကောင်းလည်းလေးသွား
တတ်ပါတယ်ပြောမယ်ဆိုပြောစရာတွေအများကြီးပါအခြေခံဖြစ်တဲ့အတွက်ဘိုလို
တွေမပြောတော့ဘူးဗျာအခုဝယ်မယ်ဆို Window7နဲ့  XP တစ်ခုခုကိုယူ Processor
AMD ,Intel,အခုပေါ်နေတဲ့ i3,i5,i7ဆိုတာတွေကတော့အကောင်းဆုံးပေါ့တစ်ခုခုယူ
RAM memory ကတော့အရေးကြီးပြီWindow7ဆိုလို့ ကတော့ အနဲ့ ဆုံး2GB DDR2
DDR3 တစ်ခုခုယူမှရမယ်ဘာလို့ လည်းဆိုတော့Ram 1GB နဲ့ ဆိုမနိုင်ဘူးဗျXP ဆို
ရင်တော့ပြဿနာမရှိပါဘူးအခြေခံသင်သူတွေကတော့XP ကသုံးရတာကောင်းပါ
တယ်Window7ကတော့ Desktop ပေါ်မှာပြက္ခဒိန်လေးနာ၇ီလေးတွေအလှဆင်နိုင်
မယ်အားသာချက်တွေ၇ှိသလိုအားနည်းချက်တွေလည်းရှိတယ်ပြောရရင်အများကြီး
ပဲလောလောဆယ်2GB ယူလိုက်ဗျာအနေတော်ပဲအဲ့လောက်ဆိုရင်ကိုကွန်ပျူတာက
အခြေခံလုံလောက်ပါပြီလေ့လာမယ်ဆိုအများကြီးပေါ့Window ကတော့မူရင်းယူရင်
ဈေးပိုပေးရပြီးအခွေပါထည့်ပေးပါလိမ့်မယ်ဈေးက150RM လောက်ပိုပါတယ်300လဲ
ဖြစ်ချင်ဖြစ်မယ်မူရင်းအခွေပါတဲ့အတွက်ပျက်သော်ရှိပြန်တင်လို့ ရပါတယ်မတင်တတ်
ရင်တော့မထူးပါဘူးဈေးချိုတာပဲယူလိုက်ပါအခြေခံတွေပဲလေUpdate တော့လုပ်လို့ 
မရဘူးUpdatမရရင်ဆိုးကျိုးတော့မများပါဘူးအဲ့မှာလည်းပြောရရင်အရှည်ကြီးအ
ခြေခံဆိုမလိုပါဘူးထားလိုက်ပြီးရင်တော့ပြီးပါပြီဘုမသိသွားဝယ်မှာနဲ့ စာရင်ဆိုင်မှာ
နဲနဲတော့ဖြဲလို့ ရတာပေါ့ RAM Memory နဲ့  Hardisk Memory ကိုတော့မလွဲစေချင်
ဘူး HardiskMemoryအခုနောက်ပိုင်း160,320,500ပါနေပြီများများပါတော့များများ
သိမ်းချင်တာသိမ်းလို့ ရတာပေါ့ကိုယ်ကစီးပွားရေးလုပ်ငန်း၇ှင်လည်းမဟုတ်လေ့
လာ၇ုံဆိုရင်တော့မများလည်းကိစ္စမရှိပါဘူးအဲ့မှာRAMကတော့များမှကောင်းတယ်
အခြေခံအားဖြင့်မှတ်မယ်ဆိုRAM များမှစက်ကသွက်မှာဆိုတော့ကွဲပြားပြီးသိထား
သင့်တယ်အဲ့ဒါလေးလည်းကြည့်ရမယ်အားလုံးကိုခြုံပြောရရင်ကွန်ပျူတာမ၀ယ်ခင်
Desktop ပေါ်ကMy Computer ကိုRightClick(လက်ခလယ်)ထောက်လက်ခ
လယ်လက်ညိုးဆိုတာက၇ှင်းအောင်ပြောရတာထောက်လိုက်ရင်အောက်ဆုံးက
Propertiesကိုနှိပ်လိုက်ရင်ပေါ်လာပြီ Window Ram နဲ့ Processor တွေပေါ့
ဆော့ဝဲတွေကတော့ဘာမှပူစရာမလိုပါဘူးမသိတဲ့သူအချို့ Desktopပေါ်မှာပါ
လာတာနဲရင်ကွန်ပျူတာမကောင်းဘူးများရင်တော့ကွန်ပျုတာကောင်းတယ်လို့ 
ထင်တတ်ကြပါတယ်တကယ်တော့အရေးမကြီးပါဘူးနောက်မှကိုသုံးမယ်ဆော့
ဝဲတွေထပ်ထည့်လို့ ရပါတယ်ဘာပဲလုပ်ချင်ချင်ပေါ့ဥပမာPhotoShop စာစီစာ
ရိုက်Miscrosoft တွေနဲ့ Applicationတွေအားလုံးပေါ့ပြီးမှထည့်လို့ ရပါတယ်ကဲ
အဲ့လောက်ကြည့်ဝယ်ရင်ကိုမဆိုးပါဘူးသုညအသိနဲ့ ဝယ်တာစာရင်အခြေခံရပြီ
ရေးရင်အများကြီးပဲသူငယ်ချင်းမေးတဲ့အဖြေကိုဒီလောက်နဲ့ ပဲဖြေလိုက်ပါတယ်
နောက်တစ်ခုက ကွန်ပျူတာဝယ်ရင်မြန်မာဖောင့်မပါလာဘူးအဲ့တော့အင်တာနက်
ချိတ်ပြီ;ကျနော့်ဆိုဒ်ထဲကယူနိုင်သလိုဘယ်ဆိုဒ်ကပဲဖြစ်ဖြစ်ပေါ့ယူပြီးအင်စတော
လုပ်လိုက်ရပြီမြန်မာလိုချက်တင်ထိုင်ဖို့ ပေါ့မြန်မာဖောင်မရှိသေးတဲ့အတွက်တဖက်
ကရိုက်တဲ့စာတွေကိုအတုံးလေးတွေပဲမြင်ရတာပါမြန်မာဖောင်ကတော့အင်တာနက်
ရှိမယ်ဆိုခဏလေးနဲ့ အဆင်ပြေမှာမလို့ ခေါင်းထဲထားစရာမလိုဘူးထင်ပါတယ်ဒီ
လောက်ဆိုပြည့်စုံပြီမဟုတ်တောင်အခြေခံတော့ရမယ်လိမ့်မယ်လို့ မျှော်လင်းရင်း...။

Thursday, 11 April 2013
ကွန်ပျုတာစာစီစာရိုက် သင်လိုသူများအတွက် သိရှိရမယ့် အခြေခံအချက်
စာစီစာရိုက် ပညာဆိုလျှင် Miscrosoft Office,2003,2007,2010 တို့ ကို သိရှိနားလည်ဖို့ 
လိုသည်။ အခြေခံအားဖြင့် စာစီစာရိုက်ဆော့ဝဲ များစွာရှိသော်လည်း ယခုလက်ရှိ အခါတွင်မူ
Miscrosoft Office ကိုသာ အလေးပေး အသုံးပြုကြသောကြောင့် သင့်အနေဖြင့် ကွန်ပျုတာ
ဗဟုသုတ အခြေခံတတ်ပြီး စာစီစာရိုက်ကို သုံးတတ်မည်ဆိုခဲ့လျှင် သာမာန်ကုပ္မဏီများတွင်
ဝင်ရောက် လုပ်ကိုင်နိုင်ပေလိမ့်မည် ။စာရင်းဇယားများမှာ ပုံသေသတ်မှတ်ချက် မဟုတ်ကြဘဲ
လုပ်ငန်းတစ်ခုနှင့်တစ်ခု ကွာခြားနိုင်သောကြာင့် စာစီစာရိုက်စာရင်း ဇယားဆွဲ အခြေခံရှိလျှင်
အတော်လေး အဆင်ပြေနိုင်ပေလိမ့်မည် ။ကျနော်ဆိုလျှင် စာရင်းဇယားဆွဲနည်းအခြေခံကနေ
လုပ်ရင်းကိုင်ရင်းနဲ့  အလုပ်ထဲက သင်ပေးသွားတာပါ ။ အခုဆိုရင် ဆရာပြန်ပြပေးနိုင်ပါတယ်
ကွန်ပျုတာသင်တန်းကို ပိုက်ဆံအကုန်ခံပြီး တစ်လတက်တာနဲ့  ကိုယ်ပိုင်ကွန်ပျုတာမှာကိုယ်
တိုင်လေ့လာတာနဲ့ မတူပါဘူး ။ ဘေးကနေ သင်ပြပေးမယ့် ဆရာလဲရှိမယ် ကိုယ်တိုင်ကလည်း
လေ့လာမယ်ဆိုရင် ၃ရက်အတွင်း စာစီစာရိုက်တတ်အောင်နည်းပေးလမ်းပြလုပ်ပေးနိုင်ပါတယ်
လက်တွေ့ အားဖြင့်ကျနော်နဲ့ အတူနေတဲ့သူငယ်ချင်းတွေ ဘာသင်တန်းမှမတက်ဘူးဆယ်တန်း
လည်းမအောင်ပါဘူးလက်တော့ဝယ်ပြီးလေ့လာတော့Computerbasicအောင်ပြီးသားတွေထက်
အများကြီး အပုံတစ်ရာလောက် သာပါတယ် ဒါကြောင့် ဘွဲ့ ရတွေ ကွန်ပျုတာကျောင်းဆင်းတွေ
မဟုတ်လည်း ကွန်ပျုတာဟာ လေ့လာမယ်ဆိုအခြေခံပညာ အလယ်တန်းအောင်ရုံနဲ့ အထိုက်
အလျှောက်ပညာရှင်ဖြစ်လာနိုင်ပါတယ်Porgrammer တွေ Designer တွေတော့ မဆိုလိုဘူးပေါ့
ပြောချင်တာက ပညာအခြေခံနည်းခဲ့ပေမယ့်လည်း အားမငယ်ကြဖို့  ညီအကိုမောင်နှမအားလုံး
ကိုဒီနေရာကနေ ပြောချင်ပါတယ်။ကျလေ့လာသင်ယူမိသမျှ ပညာများကို ဗဟုသုတရစေချင်
သောစေတနာဖြင့် သိသလောက် မျှဝေပြောပြသွားမည် ဖြစ်ပါကြောင်း......... .....................။
အောက်မှာတင်ထားသော စာအုပ်လေးကိုဒေါင်းလုပ်ယူပြီးလေ့လာပါ
Miscrosoft word စာစီစာရိုက်နည်းပညာအခြေခံစာအုပ်

ကွန်ပျုတာ လက်ကွက်ကျင့်နည်းနဲ့  စာရိုက်မြန်စေနိုင်တဲ့ Game
ဒီဆော့ဝဲလေးက အင်စတောလုပ်စရာမလိုပဲ တန်းသုံးလို့ ရတဲ့ဟာပါ portable
လေးမလို့  အားလုံးအဆင်ပြေမှာပါ ။ အားတဲ့အခါ စာစီစာရိုက်ကျင့်ရင်းGame
ဆော့လို့ ရတယ်နော ။ Game ဆော့တာကလဲ Abc ပေါ်လာတဲ့ ဟာရိုက်ရင်
အမှတ်ရတဲ့ဟာ သူပေါ်ပေးတဲ့ဟာ အမြန်ရိုက်ရင် လက်ကွက်ကမြန်လာမှာ
ပါ ။ အများကြီးစာရှည်မှာစိုးလို့  ဒီဆော့ဝဲယူသင်တဲ့သူတွေကို ပြောပြမယ်နော
(၁) စာစီစာရိုက်အခြေခံသင်တန်း မတက်ဖူးသေတဲ့အခြေခံသူများ
(၂)အခုမှကွန်ပျုတာကိုစတင်လေ့လာမည်အခြေခံပညာသင်သူများ
(၃)စာရိုက်ပုံရိုက်နည်းကိုစနစ်တကျမသိသူများ
(၄)သင်တန်းတက်ဖူးသော်လည်းအမြန်မရိုက်တတ်သူများ
အထက်ပါ ၄ချက်ထဲမှာ ပါရင်တော့ ဒီဆော့ဝဲလေးယူမှ ရမှာနော်
game ဆောရင်းရိုက်နေတာပျော်ဖို့ ကောင်းတယ်စာရိုက်လည်းမြန်တယ်အ
ပျင်းလည်းပြေတယ်.......ကဲ...စမ်းချင်ရင်ဆွဲပေတော့.......................။
ဒီမှာDownload ယူပါ === စာစီစာရိုက်ကျင့်တဲ့ဆော့ဝဲ ( Ziddu )
စာစီစာရိုက်နဲ့ အခြေခံကွန်ပျုတာသမားတွေအတွက်လက်ကွက်မြန်အောင်
ဒီဆော့ဝဲကတော့ လုံးဝလက်ကွက်မြန်အောင်ကျင့်လို့ ရပါတယ်စာရိုက်စကျင့်တဲ့သူ
တွေအားလုံးယူထားသင့်ပါတယ်။ ကွန်ပျုတာအခြေခံမှာစာစရိုက်ဖို့  J နဲ့  F ပေါ်မှာ
လက်ညိုးနှစ်ခုထားပြီး Space Bar ကိုတော့ လက်မနဲ့ နှိပ်ရပါတယ်။သင်တန်းတက်
ဖူးတဲ့သူတွေအားလုံးသိမှာပါဒီဆော့ဝဲမှာတော့လုပ်ပုံလုပ်နည်းအကုန်ပါတဲ့အပြင်က
စားလို့ ရတဲ့Gameသဘောမလို့ သင်တန်းမတက်ဖူးတဲ့ သူငယ်ချင်းတွေစနစ်တကျ
စာစီစာရိုက်တတ်စေဖို့ တင်ပေးလိုက်ပါတယ်နော..ဆွဲထား..။
ဒီမှာDownload ယူပါ Computer Typing Basic Portable
မြန်မာလက်ကွက် မမြန်သူများ သင်ခါစကလေးလူငယ်များ လက်ကွက်ကျင့်ဖို့ 
ဒီလင့်မှာ Download ယူပါ -Whizo Myanmar typing (လေ့ကျင့်ခန်း) -mediafire
ဒီလင့်မှာ Download ယူပါ -Whizo Myanmar typing (လေ့ကျင့်ခန်း) -Zippyshare
Softwear Developer = http://whizzosystem.com/index.htm
စာစီစာရိုက် လက်ကွက်လေ့ကျင့်ရန်နဲ့  ပါဠိစာလုံးအဆင့် ရေးတတ်စေဖို့ 
ဒီဆော့ဝဲလေးကတော့ မြန်မာလက်ကွက်ကို လျှင်မြန်စွာ ရိုက်တတ်ကြစေဖို့ နဲ့ 
လက်ကွက်အနေအထားမှန်ကန်ဖို့  အဆင်ပြေပါတယ် နောက်ပီး စာလုံးအဆင့်တွေ
မရေးတတ်သူများ ပါဠိစာလုံး ရေးတတ်စေဖို့ လေ့ကျင့်ဖို့ ပါပါတယ် ဒါပေမယ့်လည်း
ကွန်ပျုတာထဲမှာ သက်ဆိုင်ရာပုံမှာပြထားတဲ့ ၀င်း-စစ်တွေ ၊ ၀င်း- မြန်မာဖောင့်တွေ
မရှိရင် မြန်မာလို မြင်ရမှာမဟုတ်ဘူး အောက်မှာ မြန်မာဖောင့် အစုံ သုံးလို့ ရအောင်
လင့်ပေးထားပါတယ် ။ လိုအပ်တဲ့ မြန်မာဖောင့်တွေ ထည့်ပီးမှ သုံးကြည့်ပါ။ ဇော်ဂျီနဲ့ 
ရေးလို့ မရပါဘူး ၂၀၀၁ ထွင်ထားတဲ့ ဇော်ဂျီမပေါ်ခင် ဆော့ဝဲဟောင်းတစ်ခုဖြစ်ပါ၏
ဒီမှာ Download ယူပါ = မြန်မာ - အင်္ဂလိပ်လက်ကွက် လေ့ကျင့်ရန် (mediafire)
ဒီမှာ Download ယူပါ = မြန်မာ - အင်္ဂလိပ်လက်ကွက် လေ့ကျင့်ရန်(Zippyshare)
win ဖောင့်မရှိရင် = http://www.myordbok.com/myanmar-fonts
Tuesday, 2 April 2013
( ဆ ရာ ) ဦး ဘ စံ ( ၁ ၉ ၁ ၆ - ၁ ၉ ၉ ၂ ) ၏ " ရ က္ခ မ ဏ္ဍို င် အ မှ တ် ( ၁ ) " စာ အု ပ်
( ဆ ရာ ) ဦး ဘ စံ ( ၁ ၉ ၁ ၆ - ၁ ၉ ၉ ၂ ) ၏
" ရ က္ခ မ ဏ္ဍို င် အ မှ တ် ( ၁ ) " စာ အု ပ်
ေ ဒါ င်း ရ န် Link; http://www.mediafire.com/ ?brt1dmjqzjvwgjt
" ရ က္ခ မ ဏ္ဍို င် အ မှ တ် ( ၁ ) " စာ အု ပ်
ေ ဒါ င်း ရ န် Link; http://www.mediafire.com/
Subscribe to:
Posts (Atom)